ကမ္ဘာပျက်တဲ့နေ့တွေပါပဲ ဒေလီယာ
ညစ်ပတ်တဲ့ နေထိုင်ခြင်းမှာ ကိုယ်လည်းသူ့နီးပါးမညစ်ပတ်နိုင်သရွေ့တော့ စိတ်ဆင်းရဲရနေဦးမှာ
ဒါကိုပျော့ညံ့တယ်လို့မမှတ်ယူဘဲ အဆုံးထိ မပြောင်းလဲတတ်ခြင်းကို မြတ်နိုးထားချင်တာ
သူများယုတ်သလို ကိုယ်မယုတ်ချင်တာ....
လူတွေကတကယ်ထူးဆန်းတာ
ဘယ်တော့မှ ငါမဟုတ်တဲ့တခြားတဖက်ကိုမကြည့်တာပဲ
အဆုံးသတ် ကာကွယ်ဖြစ်လိုက်တဲ့ ငါ့ရဲ့နောက်ဆုံးနေ့ရက်တွေအတွက် မကောင်းတဲသမိုင်းချည်းတွင်ခဲ့မှာ သိတယ်....
မတတ်နိုင်တော့ဘူး...
ဒီလမ်းကလွဲပြီး မရွေးတတ်တော့ဘူး
တုံးခဲ့တာကြာပြီ....
လူတွေနဲ့ အမီမလိုက်ခဲ့တာအတော်ကြာခဲ့ပါပြီ
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ