Juneပဲ ဒေလီယာ

ဆိုရှယ်မီဒီယာမှာ သာ သူရှိခဲ့ရင် အမြဲဝင် checkဖြစ်တဲ့ တစ်ဦးတည်းသောသူဖြစ်နေဦးမှာ...

Bad blood...
မကောင်းတဲ့သွေး..

တကယ်တော့ အဲ့စကားကအများကြီးစော်ကားထားတာပဲ...

မင်းက စကတည်းကသန္ဓေယုတ်တယ်လို့ပြောတာ..

မင်းဆီမှာစီးဆင်းနေတဲ့သွေးက ဟိုးအရင်လက်ထက်တွေတည်းကမကောင်းခဲ့တာ...

မကောင်းတဲ့အရည်အသွေးလို့ပြောတာ...

ကိုယ်တို့ဆီမှာ ဘယ်သူမှထောက်မပြလည်း သိထားရတဲ့အရာတွေရှိတယ်မလား ဒေလီယာ

ဒါက မရှိတာလည်းမဟုတ် ပျောက်ကွယ်သွားတာလည်းမဟုတ် ရှိနေတာလည်းမဟုတ်
လျစ်လျူရှုလိုက်ပြီးတဲ့သက်ရှိများဖြစ်ပါတယ်

ကံကောင်းလိုက်တဲ့ ဒေလီယာငယ်
ငါတို့က တစ်ခါပဲနေမယ့်ဘဝကို အရောင်စုံအရသာစုံမြည်းစမ်းရတယ်ပေါ့...

အခါးတွေများတော့ လျှာကထုံပြီး ချိုတာဆိုမသိနိုင်တာတော့ တဖက်ပြတ်တဲ့လမ်းတွေလိုပဲ

ကျေးဇူးတင်ရမှာပေါ့...ငယ်ရယ်..
ဝေးသွားပြီဖြစ်တဲ့ နာကျင်ခြင်းတွေအတွက်ဂုဏ်ပြုရမှာပေါ့

တမလွန်​မှ ကျွန်​မထံ ​ပေးစာWhere stories live. Discover now