မိုးရာသီတွေစတော့မယ်ထင်တယ်နော် ဒေလီယာ
ငါဟာ တစ်နေ့တာလုံးမှာ မင်းနာမည်ကိုရွတ်ရတာ
အကြိုက်ဆုံးပဲ
ငါ့အနားမှာအမြဲမင်းရှိတယ်လို့ ခံစားရစေလို့သင်္ကြန်ဆိုတာဘယ်တုန်းကမှပျော်စရာမကောင်းခဲ့တာ
မနှစ်ကလည်းဒိတိုင်းပဲငါကဘာလို့အဲ့လောက်ကံဆိုးနေရသလဲမသိတော့ပါဘူး.. တရုတ်ကားထဲကမင်းသမီးပြောနေကျစကားတွေလိုပေါ့..သူတို့ကတော့အဲ့လိုပြောပြီး မင်းသားနဲ့တွေ့ပြီး ဘဝတွေပြောင်းတော့တာပဲ...
တကယ့်ဘဝတွေကတော့ရှေးရိုးဆန်ပြီး ဘာmiracle မှလည်းမရှိပါဘူး..
ကောင်းကင်ကနေ ရေစက်တွေကျလာတယ်ဆိုတာ ကိုယ့်အတွက်အရမ်းထူးဆန်းခဲ့ဖူးတယ်...
ဘာလို့မှန်းမသိ မိုးတွေလေတွေတအုန်းအုန်းနဲ့ ဒေါသတကြီးဖြစ်နေတာတောင် မင်းရဲ့ပုံရိပ်မှန်သမျှကိုငါကချစ်ရသလိုပဲ.. အပြစ်မမြင်ဘဲသိပ်သဘောကျရတယ်
မိုးတွေရွာရင် ရင်ထဲကအပူတွေလည်းငြှိမ်းပြီးသားဖြစ်တော့မယ်ထင်ပါရဲ့
အုတ်ခဲညီညီနဲ့လမ်းတွေပေါ်မှာ မိုးစက်လေးတွေဖောက်ကနဲ
သစ်ရွက်စိမ်းစိမ်းလေးတွေနဲ့
ညဘက်မှာ အိမ်ခေါင်မိုးပေါ်ကျလာတဲ့တဖြောက်ဖြောက်အသံလေးတွေ
ဟင်းရည်ပူပူနဲ့ စကားပြောသံလေးတွေ
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ