နူးညံ့မှ တိုးဝင်ဆံ့မယ့်ဆို ကျွန်တော်တော့ ဆက်လက်
ရိုင်းနေပါရစေဘဝမှာ ဘောင်ခတ်ခံရတယကိုအမုန်းဆုံးပဲ
အထူးသဖြင့် ဘယ်သူကချလို့ မှန်သွားလဲမသိတဲ့ စည်းကမ်းတွေနဲ့ ခံစားချက်တွေကိုပိတ်ပင်တာကိုပဲ။
လွတ်လပ်ခြင်းက ကျွန်တော့်အနုပညာပဲ
ရူးတယ်ပြောပြော ကန်းတယ်ပြောပြော
စည်းဘောင်အတွင်းမှာနေနေတဲ့ ခင်ဗျားရော
ဘောင်အပြင်မှာ လွတ်နေတဲ့ကျွန်တော်ရောသေပြီးဘာဖြစ်မှာလဲ ကြိုသိထားလို့လား
တစ်ဘဝတည်းနေတဲ့ဘဝမှာ
ခင်ဗျားလည်းနေချင်သလိုနေ
ကျွန်တော်လည်း ကျွန်တော့်ပုံစံအတိုင်းပေါ့
ဒီဘောင်တွေကိုခင်ဗျားခတ်တော့လည်း ခင်ဗျားဆီ ကျွန်တော်မလာရုံပေါ့ကျွန်တော်ကတော့ လေရူးတွေတိုက်တိုင်း လိမ့်လိမ့်သွားတဲ့ စက္ကူစလေးဖြစ်နေဥိးမှာ
သိမ်းငှက်တစ်ကောင် လေဟုန်စီးခြင်း ဖြစ်ချင်လည်းဖြစ်နေမှာပေါ့
ကျွန်တော်တို့တွေက တကယ့်တကယ်တမ်း ဘယ်သူ့ဘယ်သူအကြောင်းကိုမှ တပ်အပ်မပြောနိုင်ပါဘူး...
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ