iris3

28 9 3
                                    

အနားမှာ အသံကျယ်ကျယ်နဲ့ စကားပြောတာကိုတောင်မနှစ်သက်တဲ့သူဖြစ်တယ်

ကိုယ်တိုင်က စကားကို တိုးတိုးငြင်ငြင်သာသာပြောပြီး
အလောသုံးဆယ် လှုပ်ရှားရတာကို အကြိုက်မတွေ့တဲ့သူဖြစ်တယ်

သီချင်းရှိရင် မိတ်ဆွေသစ်ရှိတယ်လို့ လက်ခံထားတတ်သူဖြစ်ပြီး...

တော်ရုံမရင်းနှီးတဲ့သူနဲ့ အသားချင်းထိ ဖက်လှဲတကင်းနေရတာကို ရှောင်တဲ့သူလည်းဖြစ်တယ်

သဘောကျရင် ဘာမဆို ဘယ်အရာမဆို နေရာမရွေး
လုပ်ကိုင်တတ်တယ်

သတိရအောင်...လိုချင်လို့လက်လှမ်းမိတိုင်း
မတူညီခြင်းတွေကို သတိရတတ်အောင်ပါ ကြယ်

ကိုယ်က အချိန်ကိုဆို စက္ကန့်ဝက်နဲ့အမျှလုပြီး လုပ်ရတဲ့အလုပ်ပိုင်ရှင်ဖြစ်တယ်

လောတယ်...နှေးကွေးရင် စိတ်မရှည်သလို

မထင်ရင်မထင်သလို စိတ်အလိုမကျတိုင်း အသံမြှင့်အော်ဟစ်တတ်တယ်...

မလိုချင်တဲ့အရာတွေသိပ်များသလို... အနားမှာ စိမ်းသက်တဲ့သူစိမ်းရှိရင် ပိုစိမ်းပြပြီး စကားပြောလည်းမောက်မာတတ်တဲ့သူမျိုးဖြစ်တယ်

သဘောကျတဲ့အရာဆို ငြိမ်ငြိမ်သက်သက်နဲ့ လူအရှုပ်အရှင်းမရှိတဲ့နေရာမျိုးမှာ တသီးတသန့်လုပ်တတ်တယ်

မတူညီကြတဲ့ ပြိုင်မြင်းတွေဘဝလို

ရေလိုအေးပြီး ငြိမ့်ငြိမ့်ညောင်းညောင်းစီးဆင်းတဲ့မင်းနဲ့မှ

မီးလိုပူပြီး အနား ရှိရှိသမျှ မီးကုန်ယမ်းကုန် လောင်ကျွမ်းစေတဲ့ ငါ ပါပဲ

May these differences be the
' handcuffs ' being worn on me

တမလွန်​မှ ကျွန်​မထံ ​ပေးစာWhere stories live. Discover now