သံယောစဉ်တွေ တွယ်နေတုန်းလား ဒေလီယာ
လူဘဝဆိုတာ တကယ် တိုတိုလေးနော်။
မနေ့တနေ့ကမှ သိတဲ့သူက နောက်နေ့ကျ သေသွားနိုင်တာပဲ
.အနာဂတ်တွေအကြောင်းတွေးတောရင်း အစီအစဉ်ချရင်းကနေ လက်ရှိမှာ မရှိတော့တာလည်းဖြစ်နိုင်တာပဲဘဝကတကယ့်ကို တိုတိုလေးရယ်.....
တယောက်ယောက်ကငါ့ကိုချစ်လာဖို့
ငါ့ကိုချစ်မယ့်တယောက်ယောက်ရှိလာဖို့
ငါကချစ်နေတဲ့ တယောက်ယောက်က ငါ့ကိုလှည့်ကြည့်လာဖို့....
တယောက်စီမှာ တစ်ခုဆီ ရှိကြတဲ့
ဲ့ဘဝတွေမှာ တယောက်ယောက်ရဲ့ဘဝကို ကိုယ့်ဘဝနဲ့ပေါင်းကြတဲ့ဘဝကလည်း လွယ်တော့မလွယ်ပါလားနော်သူက သူ့ဘဝရဲ့တခြားတစ်ဝက်ကို ရှာတွေ့သွားပြီလို့ပြောတယ်....
.
ကိုယ်က အသာအယာနဲ့ "အိုကေလေ...ရပါတယ်"လို့သူ့ကိုသွားခွင့်ပေးလိုက်ပြီး
ရှာတွေ့ပြီးသား ငါ့ဘဝရဲ့တခြားတဝက်ကို သူမကိုပေးလိုက်ပါတယ်...သူပြောတာတော့..သူမဖြတ်သန်းခဲ့ရသမျှ အခြေအနေတွေဟာ သူနဲ့အရမ်းတူတာပဲတဲ့...
ငါ ရယ်ရင်းပြုံးရင်း ပေါ့ပါးစွာ နားထောင်ပေးဖြစ်ခဲ့တယ်...
သူက ငါစိတ်မကောင်းဖြစ်မှာစိုးလို့တချို့တလေကိုထိန်ချန်ထားဖြစ်ခဲ့ပေမယ့်...
သူ့မှာ အဲ့လိုအကြောင်းအရာတွေရှိလာပြီပဲလို့ဖြည့်တွေးပေးခဲ့ဖြစ်တယ်
တခြမ်းတွေ တစိတ်ဆိုတာထက် တစ်ဘဝစာရည်ရွယ်ပြီးချစ်ခဲ့တဲ့အကြောင်းတွေ
ကိုယ့်ထက်အရင် ပိုချစ်ပေးမယ့်သူရှိရင် ဘယ်တော့မဆို လက်လွှတ်ပေးမယ်ဆိုတာတွေ တွေးဖြစ်ခဲ့ပါတယ်
နောက်ဆုံး ဘာမှမရှိတော့လည်းဒေလီယာရယ်
ပေးစရာတွေဘာမှမကျန်တော့လည်းကွယ်
.
ဘယ်သူမှမသိအောင် မင်းဆီထွက်လာလိုက်ရုံပေါ့
.
အဲ့လောက်ထိုက်တန်လှတယ်ရယ်မဟုတ်တဲ့ ရှင်သန်ခြင်းတွေမို့လို့ပေါ့ ဒေလီယာ။ပြုံးရတာကိုနှစ်သက်တုန်းပဲ
အဲ့တာဟာအဓိပ္ပါယ်ရှိနေတုန်းပါပဲ.ငါနှစ်သက်ရဆုံးအရာပါပဲ...
မျက်ရည်တွေထက် လွတ်လပ်တဲ့အပြုံးတွေကိုပိုနှစ်သက်တယ်
ပြုံးပါတော့ကလေးငယ်...။
မင်းလိုချင်ခဲ့သမျှ။
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ