ပဲရစ်မြို့ကလမ်းတွေထက်လမ်းလျောက်ပစ်မယ်
အိပ်မက်တွေကိုထုတ်ပြောပြလိုက်ရင် အဲ့အိမ်မက်ဟာ ဘယ်တော့မှမဖြစ်လာတော့ဘူးဆိုတဲ့ယုံတမ်းစကားတစ်ခွန်းရှိတယ်....
ဒါပေမယ့်ခုတော့ စိတ်ကူးတွေအကုန်လွှင့်ကြဲပစ်လိုက်တယ်...
ကောက်ယူချင်တဲ့သူယူသွားကြစမ်းပါစေ ...
ဒီအိမ်မက်တွေကို ဖြစ်လာအောင်လုပ်ဖို့မဖြစ်နိုင်တော့ဘူး...
ဘာလို့လဲဆိုတော့ မင်းစာကိုလက်ခံရရှိတဲ့အချိန် မင်းကကမ္ဘာခြားသွားနှင့်ပါပြီ..ဒေလီယာ
နာမည်ကျော်မြစ်ကြီးအပေါ်ဝိုင်ခွက်လေးအသာလှုပ်ရမ်းရင်ညနေဆည်းဆာကိုကြည့်မယ်...
အုတ်ခဲညီညီနဲ့လမ်းတွေက ကဗျာဆန်ဆန်
တီးလုံးသံတွေကအမှန်တကယ်ပဲရင်ကိုနွေးစေမယ့်ကမ္ဘာ့ရိုမန်တစ်အဆန်ဆုံးမြို့တော်လို...
"မိန်းကလေးငယ်"လို့တယုတယခေါ်ပြီး ပဲရစ်မြို့ရဲ့သမိုင်းကြောင်းတွေကိုတခမ်းတနားဖွင့်ဆိုပြမယ့်သူဘေးနားမှာရှိနေတယ်...
ဒေလီယာပန်းတွေလည်း ရှိကောင်းရှိမယ်...
ဒီအိမ်မက်လေးကိုကိုယ်သိပ်မြတ်နိုးတယ် ...
ဒေလီယာငယ်..
ကိုယ်သာဆက်မက်ခွင့်ရဦးမယ်ဆိုရင်ပေါ့
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ