သစ္စာ တရားကို ခင်ဗျားတို့ဆီမှာ ဘာနဲ့ တိုင်းတာကြလဲ
ခင်မင်ရင်းနှီးမှုနဲ့လား...ကတိကဝတ်တွေနဲ့လား
ကျွန့တော်ကတော့ "စောင့်ဆိုင်းခြင်း" နဲ့တိုင်းပါတယ်ဒေလီယာ...
ကျွန်တော့်ကို နာကျင်ခြင်းတွေ ဘယ်လောက်ပေးပေး
ခင်ဗျား မျက်နှာတစ်ချက်ပျက်မှာကိုတော့မလိုလားသလိုပေါ့,အဲ့တာဟာ မကောင်းဘူးတဲ့ ဒေလီယာ
မလိုအပ်တဲ့ အရှုပ်အရှင်းတွေကြားမှာ သစ္စာတရားကိုကြားဝင်ထည့်ရင် ပိုင်ရှင်ဟာ မရှုမလှ ပျက်စီးရပါတယ်တဲ့...
တကယ်တမ်းတော့ သစ္စာ ဆိုတာမျိုးကလည်း သေခါနီးတစက္ကန့်အထိ နေလိုတဲ့ကောင်မျိုးကိုး...
အဲ့လိုဟာမျိုး ပိုင်ထားရတဲ့သူတော့ ခက်ပါတယ် ဒေလီယာ.
လွှတ်ချတဲ့အခါလည်း နာကျင်ရသလို
ဆုပ်ကိုင်ထားပြန်လည်း သူ့မျက်ဝန်းတွေရဲ့မလိုရွံရှာမှုကြောင့် နာကျင်ရပြန်တယ်သည်မလိုအပ်တော့တဲ့ သစ္စာတွေများ ဘယ်သူ့ထံပေးရပါ့မလဲ....
သူက မလိုချင်ဘူးတဲ့ ဒေလီယာ....
သူ့မှာ အဲ့လိုအရာတွေ မလိုတော့ပါဘူးတဲ့ဒေလီယာ,
........................
တစ်လောကလုံးမှာ တစ်ယောက်တည်းလမ်းပျောက်နေရတဲ့ ဒေလီယာကို တွေ့များတွေ့ခဲ့ရင် သနားပါ ကြယ်
သူ့မှာ ခင်ဗျားကို ပေးဖို့ သစ္စာတရားလက်ဆောင်လေးတွေရှိပါတယ်
လမ်းခရီးတစ်ခုလုံးဖြတ်သန်းခဲ့ရလို့ နွမ်းကြေနေခဲ့ပေမယ့် သူက ခင်ဗျားလက်ထဲအရောက်ထည့်ပေးဖို့ စေလွှတ်ခံခဲ့ရတာရယ်ပါ,
တဆိတ် ခင်ဗျားလောကမှာများ လူတွေသစ္စာမဲ့ကြရင် ဒီသစ္စာတွေကိုယူသုံးလှည့်ပါ
ဒီတစ်ဘဝလုံး ဖြစ်တည်ခြင်းက ပျက်စီးခြင်းအဆုံး
မျှော်လင့်ခဲ့ရတာဟာ ခင်ဗျားပျော်ဖို့ တစ်ခုတည်းအတွက်မို့ပါ ဒေလီယာ။
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ