နောက်ဆုံးတော့သည်လိုပါပဲလားလို့ တွေးမိတဲ့အချိန်
ခင်ဗျားက ကျွန်တော်ဆုတောင်းခဲ့သလိုမျိုး တကယ့်ကို အဆင်ပြေပြေရှိနေခဲ့ပါပြီ....
ဒါ့ကြောင့်ခွဲခွာပြီးအမှတ်တမဲ့ပြန်တွေ့ကြတဲ့သူတွေဟာ
အဆင်ပြေနေရဲ့လားလို့ မေးကြတာကိုး..ဘာလို့လဲဆိုတော့ တစ်ဖက်လူအဆင်ပြေခြင်းဟာ မခွဲခွာခင်မှာ သူ့အတွက် နောက်ဆုံးတောင်းခဲ့ပေးတဲ့ဆုတောင်းဖြစ်ပြီးကိုယ့်ဆီမှာကျ ဘယ်တော့မှမပြည့်တဲ့ဆုတောင်းဖြစ်လို့ပါပဲ...
'ထီပေါက်ဖို့လောက်ပဲဆုတောင်းတတ်တဲ့သူတဲ့'
မျှော်လင့်ချက်ကိုကြီးကြီးထား ဘဝကိုမြင့်မြင့်လှမ်းမယ်ဆိုတဲ့သူတွေနဲ့ မတူညီတော့သလို အခုတော့ မင်းတို့ပြောနေကျ တုံး အ ပြီး အသုံးမကျတဲ့သူဖြစ်နေပါပြီ
ဒါပေမယ့်လည်းဂရုစိုက်မနေတော့...
ဘယ်လိုပဲဖြစ်ဖြစ် ထွက်သွားမှာမို့
မင်းမရှိရင်အဆင်ပြေမနေကြောင်းတွေ
တစ်ဘဝလုံးရင်းပြီး သူ့ကိုမချစ်ခဲ့ပါဘူးလို့အော်ဟစ်ကြွေးကြော်ရင်း ငါလည်းဘာမှန်းမသိတော့တဲ့အခြေအနေတွေ....
အင်း ဧပရယ်သာကုန်ရင်...
ငါသာအသက်ရှင်သေးရင်ပေါ့
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ