တမလွန်ဆီပေးတဲ့စာငယ်တွေမို့. " မင်း"ဖတ်ဖြစ်ဖို့ပဲလိုပါတယ် ဒေလီယာ
တစ်စုံတစ်ယောက်ရဲ့ ဝမ်းနည်းခြင်းတွေ
ကုတင်ဘေးကတီးတိုး စကားသံတွေထက် အိပ်ပျော်သွားမယ့်ကိုယ့်မှာ ကြိုလင့်နေမယ့် ' မင်း ' ကိုပဲလိုတာပါသူတို့ကရက်စက်တတ်တယ် ဒေလီယာ
ငါပိုင်သမျှ အကုန်လုံးကို နင်းချေပစ်ပြီး.. ဘာမှမရှိတော့တဲ့အခါ မင်းဆီကိုပိုလွှတ်လိမ့်မယ်...
အဲ့အခါကျ မင်း ကိုစိတ်မဆိုးစေချင်ဘူး
ဘာလို့အဲ့လောက် တုံးအစွာ သူများလုပ်သမျှ ခံလာခဲ့ရသလဲဆိုတာထက် မင်းဆီကပွေ့ဖက်မှုတစ်ခုပဲအလိုရှိတာပါ...အချိန်အကြာကြီးပေါ့
" မရမှန်းသိလည်း လိုချင်တယ်တဲ့ " သူက ရိုးရှင်းစွာပြောတဲ့အခါ ပိုင်ဆိုငိခွင့်ဆိုတာ အဝေးကြီးမှာဆိုတာ သည်လောက်သတိပေးရက်ရဲ့ ရှေ့တိုးခဲ့တဲ့ ကိုယ့်ကိုယ်ကိုမနည်းဆွဲခေါ်ခဲ့ရပါတယ်...
ငါတို့ဟာ ဘဝတွေကို မေ့ပစ်လို့မဖြစ်တဲသူတွေလေကွာလို့ သူကဟန်ပါပါချော့ရင်း ငွေရောင်လက်ထိပ်ကွင်းကို ကိုယ့်လက်ကောက်ဝတ်တွေမှာဝတ်ဆင်ပေးပါရဲ့
ဘယ်.တော့မှ...သူ့ဆီ ထပ်ပြီး..ထွက်မပြေးပါတော့နဲ့တဲ့
'ယုံကြည်ချက်တွေနဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်နေသွားမှာ' လို့ သူဖွင့်ဟတဲ့အခါ ကိုယ်က ဝမ်းပန်းတသာ မင်းအတွက်လိုက်ဖက်တဲ့သူတွေဖြစ်ကြောင်းတွေးမိသေးတယ်... ဘဝဆိုတာ ဒါမျိုးဖြတ်သန်းရတာလို့
မင်းကို တိတ်တဆိတ်အားပေးရင်း လှည့်ထွက်ခဲ့တယ်'ဆေးလိပ်လည်းတို နေလည်းညိုပြီး ငါ့ကိုအိမ်ပြန်ပို့ပါလား' ဆိုတာသိသလား ငယ်...
ငါ့ဘဝမှာ ဆေးလိပ်တိုတွေလည်း မရှိခဲ့ နေညိုချိန်တွေဟာ ဝေးသေးတယ်လို့လည်းမတွေးရခဲ့
မင်းက ဒါတွေဘယ်နားလည်ပါ့မလဲ ကိုယ့်ကလေးရယ်...
ပြုံးတော့ ကိုယ့်လူ
ခုပျော်တော့... ။
ဘယ်တိမ်တိုက်မှမလွင့်တော့တာမို့ မိုးရွာတဲ့အရပ်တွေဆီပြန်မလာနဲတော့..။
ငါတော့ ဒေလီယာဆီကအမုန်းခံရဦးမယ်....
သူကပါ ငါ့ကိုမုန်းလို့မဖြစ်တာကို
ပျော့ညံ့တဲ့ငါ့ကို သူကစိတ်ပျက်သွားလို့မဖြစ်ဘူး။
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ