မင်းကလွဲပြီး ချစ်ပစ်ချင်စရာလူတွေသိပ်များကြောင်း

ဒေလီယာကိုမှ ရူးသွပ်ချင်ကြတဲ့သူတွေအကြား တိုးဝင်သွားရင်း မင်းမှမဟုတ်လည်း ရွေးချယ်စရာတွေမရှားသေးကြောင်း မင်းရဲ့အပြုံးကိုကြည့်ရင်းပြောမှာပေါ့

ငါ့ဖုန်းနောက်ခံက မင်းပြုံးနေတဲ့ပုံကမပျောက်သေး

အပြည့်အသိပ်သိမ်းထားတဲ့မင်းပုံတွေတောင်မဖျက်ရသေး...

မင်းတောင်မရှိတဲ့ငါ့ဘဝမှာ ဘယ်သူ့ကိုမှဝင်လာလို့မရအောင်မင်းတားခဲ့တယ်

မင်းရှို့ခဲ့တဲ့မီးနဲ့ အကုန်လောင်ကျွမ်းလို့ အသစ်ရယ်လို့ပြန်မဖြစ်အောင် အကုန်အပြတ်ရှင်းခဲ့တယ်ထင်ပါရဲ့

မင်းမှမဟုတ်လည်း တခြားသူနဲ့ပျော်ဖြစ်အောင်ပျော်ဦးမယ်

မင်းလောင်မြိုက်ခဲ့တဲ့ တစပြင်မှာ ပြာမှုန့်တွေကြားကခုန်ဦးမှာ...

ဘာမှမရှိတော့တဲ့ထိကို မင်းကိုမုန်းရင်း တခြားသူကိုချစ်သွားမှာပါ

တမလွန်​မှ ကျွန်​မထံ ​ပေးစာWhere stories live. Discover now