ငါသူ့ဆီကို မဖတ်ဖြစ်လည်း စာတွေမပို့ဖြစ်တော့ပါဘူးဒေလီယာငယ်
မတော်လို့များ စာတွေကတနည်းနည်းနဲ့သူ့ကိုသက်ရောက်နိုင်စွမ်းရှိတဲ့အခါ သူ့ဆီမှာ ငါ့နည်းတူရောင်ပြန်တွေဟပ်နေမှာစိုးတယ်
မဖြစ်နိုင်တဲ့အရာတွေအတွက် စွတ်ယုံပြီးပုံမပေးဖို့ပြောထားတဲ့စာလေးတွေတွေ့တယ်
ဒီရာသီဖွားတွေဟာ သိပ်ကိုတော်ပါရဲ့နဲ့ အရယအားလုံးပုံပေးပြီးယုံတတ်ကြလို့ ဒုက္ခရောက်ရသတဲ့
အင်း...ဒုက္ခဆိုတာဘယ်လိုမျိုးကိုခေါ်မှာလဲ
မင်းပြောတဲ့ဒုက္ခနဲ့ ငါကြုံတာနဲ့တူချင်မှတူမှာပေါ့လို့ငြင်းခုန်ချင်ပေမယ့် စကားတွေလည်းမဆက်ဖြစ်တော့ပါဘူးဒေလီယာ
ခုတလေ အိပ်မပျော်..
အိပ်ပျော်လည်း အိပ်မက်ဆိုးတွေဆက်...
လန့်နိုးရတဲ့မနက်ဆိုတာကြီးကြုံရသလိုနင်အရမ်း ပိန်ကျသွားလိုက်တာ ဆိုတဲ့စကားမျိုးတွေကြားနေရပါပြီ ဒေလီယာ
ဘယ်အချိန်လဲ လို့တော့ ကျလာမယ့်အချိန်ကိုမမေးဖြစ်တော့ဘဲ ဇာတ်မျောကြီးတစ်ပုဒ်ကို ဇာတ်သိမ်းသိလည်းဆက်ပြီးဖတ်နေချင်သေးသလိုပေါ့
အစားတွေလည်းသိပ်မစားနိုင်
ငါ့ကိုယ်ငါလည်းတစ်ခုခုတော့ တစ်ခုခုပါလို့ ခံစားပြီးထွေထူးပြမနေတော့တာပါမိုးတွေရွာတော့မယ် ဒေလီယာ
မိုးတွေရွာရင် အမြဲမပျော်ပေမယ့် တိမ်တွေကိုခေါ်လာတိုင်း ပြုံးရမြဲ...မိုးရာသီက ဘယ်တော့မှမပြောင်းလဲဘူး
မိုးရေစက်တွေလည်း ဘယ်သောအခါမှ ငါ့ကိုစိတ်မပျက်စေဘူးဒေလီယာ...သူတို့ကအရင်လိုပဲအေးစက်ပြီး ရဂ်ထဲကအပူမှန်သမျှကို ခဏတော့ငြိမ်းစေမြဲပါ....
အတိတ်တွေမှာမရှင်သန်ပါနဲ့တဲ့ဒေလီယာ
အတိတ်တွေက မပြီးဆုံးနိုင်ဘဲ လက်ရှိကို ရှင်သန်စေတာခက်တယ်...
သူတို့မရှိဘဲအခု ဆိုတာ ဘယိလိုဖြစ်လာနိုင်မှာပါလိမ့်
ငါ မင်းနာမည်ကိုလွတ်လွတ်လပ်လပ်ခေါ်ချင်တယ်
ဒေလီယာသူ တစ်ယောက်ဘယ်လိုနေသလဲ
ခုရက်ပိုင်းနေကောင်းရဲ့လား
ငါ့လိုမျိုး ရာသီကူးပြောင်းတဲ့အချိန် အိပ်မက်ဆိုးတွေမက်နေသေးလား
အစားရောပုံမှန်စားဖြစ်ရဲ့လား
ဒါကြောင့်ကိုယ်ပြောတာပါ...
ကျွန်တော့်ဆီက 'နေကောင်းရဲ့လား'လို့မေးတဲ့မေးခွန်းကိုကြားရင် ပျော်ပါလို့
ကျွန်တော့်လိုလူဆီက အဲ့လိုစကားကြားရတာ
ခင်ဗျားက ဘယ်လောက်အရေးပါတဲ့သူဖြစ်လိမ့်မလဲ
ခင်ဗျားသိသင့်တာ....ဒါကြောင့် ခင်ဗျားက ကျွန်တော့်ကိုဆန့်ကျင်ပြီးပျော်တော့နော်... ဝိတ်တက်အောင်များများစား
မိုးတွေရွာရင်....
ဒေလီယာတွေ...
ငို...တော့...မှာ...
သူတို့ရဲ့ဘဝတွေ ကုန်တော့မယ်တဲ့လေ။
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ