ဘာကိုမှ မတွေးတောနိုက်တဲ့အခါ မင်းကို စဉ်းစားလို့ရလား...
တဖြေးဖြေးနဲ့နစ်မြုပ်လာရင်း ခင်ဗျားကိုပဲ မြင်နေလို့ရလား
အဖြေဟာဘယ်တော့မှ ရှိလိမ့်မှာမဟုတ်ဘူး...
မနီးပေမယ့် ဝေးသွားရတော့မယ်...
ငါလွမ်းနေတတ်တုန်းပဲ
မြက်ခင်းစိမ်းစိမ်ကို အသာထိုင်ထားရင်း ခင်ဗျားနဲ့သက်တောင့်သက်သာ စကားပြောချင်တယ်..
ရင်းနှီးပြီးသားအကြောင်းအရာတွေ...
အနှောင့်အသွားတွေသတိထားစရာလည်းမလိုတဲ့ စကားရှင်းရှင်းလေးတွေ....ကိုယ်တို့ပြောရင်းအရာရာက အကောင်းဆုံးအခြေအနေမှာရှိနေတယ်ဆိုတာ သတိရမယ်....
အခက်အခဲတွေကိုဖြတ်ကျော်ပြီး အနားရနေတဲ့တချိန်ပေါ့...
ခင်ဗျားကလေပြေလေးလိုကြည့်ကောင်းနေတယ်
အသက်ဝင်ပန်းချီကားတချပ်လို့ ခံစားချက်တွေငြိမ်ငြိမ့်ညောင်းညောင်းနဲ့....
လိုချင်ပါတယ်လို့ တောင်းဆိုလို့လည်းမရတဲ့ဆုတောင်းတွေနဲ့...မသိမသာလက်လွှတ်လိုက်ရတဲ့စိတ်ကူးအပိုင်းအစလေးတွေ....
မသိချင်ယောက်ဆောင်ပြီး ဖြတ်လျှောက်သွားတိုင်း
စွန့်ပစ်ခံရတဲ့အတွေးအပိုင်းအစတွေက အမှောင်ထဲမှာသည်တိုင်း....
ကိုယ်တစ်စုံတစ်ခုကိုလိုအပ်ချိန်တိုင်း အိပ်မက်ဆိုးတွေလိုတဖန်ပြန်လည်ပြီး ခြောက်လှန့်ခံနေရပါတယ်..
ခင်ဗျားရယ်..
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ