လက်လွှတ်လိုက်ရလည်း မနာကျင်တော့တဲ့အရာတွေရှိတယ်..ဥပမာ အိပ်မက်တွေလိုပေါ့
ကြိုးစားလိုက်လည်းအရာမထင် အရာထင်လည်းကိုယ့်အတွက်လို့မခံစားရတော့တဲ့အခိုက်အတန့်တွေလည်းရှိတယ်
တချိန်ကျ အောင်မြင်လိမ့်မယ်လို့ဆိုပြီး...
အောင်မြင်ခဲ့သမျှလူတွေရဲ့အတိတ်ကိုအားကျခိုင်းခဲ့ကြမအောင်မြင်ဘဲဇာတ်သိမ်းသွားတဲ့ ကြိုးစားခြင်းရဲ့ဆိုးကျိုးများ ဆိုတဲ့စာအုပ်ကိုတော့ ဘယ်သူမှမထုတ်ဝေကြ
လူတစ်ယောက်ကိုအမြဲကြိုးစားနေစေဖို့မမျှော်လင့်နဲ့
တကယ်ပဲ အောင်မြင်ခြင်းကိုဘာတွေနဲ့တိုင်းတာကြသလဲ?
အောင်မြင်တာရဲ့နောက်မှာဘာတွေရှိသလဲ
လက်ရှိအခြေအနေကရော အောင်မြင်တယ်လို့တွေးထင်ထားတာထက်ပိုကောင်းတဲ့အခြေအနေတစ်ခု ဖြစ်မနေနိုင်ဘူးလား..
တစ်ဖပ်တည်းကိုကြည့်ပြီး ဦးတည်ချက်တစ်ခုတည်းကိုပဲလျှောက်လိုတဲ့ဆန္ဒ...
အကောင်းတွေဖြစ်လာဖို့...
ကောင်းတာတွေကိုဘယ်သူကပဲ သတ်မှတ်ခဲ့ပါစေ
မင်းအတွက်ကောက့းတာဖြစ်ချင်မှဖြစ်မှာပေါ့သူတို့အတွက်ကောင်းပြီး မင်းက နစ်နာရတာလည်းဖြစ်မှာပေါ့
'နေတတ်ခြင်းအနုပညာ'ပါ ကလေးရယ်...
အရောင်စုံခြယ်ပြီးတောက်ပချင်ကြတဲ့ လောကအလယ်စုံမှာ ကိုယ်ပိုင်အရောင်ကို မပျောက်စေခြင်းကလည်း နေတတ်ခြင်းအနုပညာပါပဲ...
သူများပြောင်းလို့ကိုယ်မပြောင်းလဲချင်ဘူး
တခြားဘယ်ကိုဦးတည်ပြီး ဘယ်ကိုရွေ့သွားပါစေ
သည်လမ်းကိုတော့မရွေးတာသေချာပါတယ်ဒေလီယာ။
VOCÊ ESTÁ LENDO
တမလွန်မှ ကျွန်မထံ ပေးစာ
Poesiaပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ