နေ့နေ့ညညလွမ်းနေရပါတယ် သည်းငယ်
သူတို့ကဂရုစိုက်မယ်ပြောပြီး ပစ်ထားကြတော့ မင်းကို အနည်းငယ် စိုးရိမ်တယ်...
ပိန်သွားလိုက်တာကွာ...
မင်းနဲ့မတူတော့အောင် မမှတ်မိတော့အောင်ပဲ
တချို့ပုံတွေဆို တခြားကောင်ငယ်လေးနဲ့တူလို့ သေချာအရင်ပုံစံကိုပြန်ဖမ်းယူနေရတယ်...
မပျက်စီးလိုက်ပါနဲ့ သည်းငယ်ရယ်...
မင်း က ငါ့ရဲ့ အဦးဆုံးမဟုတ်ပေမယ့် အရာအားလုံးဆို မင်းက ခနဲ့လိမ့်ဦးမှာ
ဒေလီယာဆိုတာ ဘာလဲသိလား ခလေးငယ်
သူက ချုံပုတ်နဲ့ပေါက်တဲ့ပန်းတမျိုးပဲ...
ဖြတ်သွားဖြတ်လာအဝေးကကြည့်ရုံလောက်ဆို
တစုတရုံးနဲ့ အရောင်စုံစုံတအားလှတာ...ခူးယူနမ်းရှိုက်လိုက်မယ်ဆိုရင်တော့ မင်းနောင်တတွေချည်းတနင့်ကြီးရလိမ့်မယ်...
နှင်းဆီလိုမသာဘူး...ကလေးငယ်
ုပျော်ရဖို့ဆိုပြီး ခက်ခက်ခဲခဲနဲ့လွှတ်ချပေးလိုက်တာ..
မင်းငိုရဖို့မဟုတ်ဘူး
မင်းတစ်ယောက်တည်းအခန်းထဲ ငိုင်နေတတ်ဖို့မဟုတ်ဘူး...
မင်းတစ်ယောက်တည်း အရူးတစ်ယောက်လို သီချင်းကလွဲပြီးဘာမှမသိတဲ့သူတစ်ယောက်လို
နှလုံးသားမရှိတဲ့သူလို ..ဘာကိုမှမခံစားတော့တဲ့သေလူကို ရှင်သန်သွားဖို့မဟုတ်ဘူး...သည်းငယ်..
ရယ်လိမ့်ဦးမှာ...
ဒီကမ္ဘာမှာ မင်းလောက်နီးပါး အချစ်ကိုယုံကြည်ပြီး
မင်းလိုဘယ်သူကိုမှထုတ်မပြတတ်အောင်
သေချာသိမ်းဆည်းထားတဲ့ အချစ်မျိုးနဲ့
မင်းကို ချစ်နေသေးတာပြောရင်
မင်းကတော့ ရယ်နေလိမ့်ဦးမှာ
အရင်လို ကောက်ညင်းထုပ်လေးဖြစ်အောင် စားဦး အချစ်ကလေးရယ်...
ဟော..ခေါ်သံမဲ့တဲ့နာမ်စားတွေနဲ့ ပြောမိပြန်ပြီ။
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ