လူအိုကြီးတွေ လှုပ်လီလှုပ်လဲ့ သွားတဲ့အခါ ကိုယ်တွေးဖြစ်တယိ...
သူတို့က ဘာလို့ ဘဝကိုနှေးနှေးလေးသွားနေကြတာလဲပေါ့
အဖြစ်အပျက်တွေက ဒီနေ့နဲ့မနက်ဖြန် မနက်နဲ့ညနေ မတူအောင်ကို ဝုန်းဒိုင်းကြဲမြန်ဆန်နေလွန်းတဲ့ ကိုယ့်ဆီမှာ သူတို့လို အရာဝတ္ထု လှုပ်ရှားမှုတစ်ခုချင်းစီကိုဖြည်းဖြည်းလေးလုပ်နေတဲ့သူရှိရင် ကိုယ် ငြိမ်ငြိမ်လေးထိုင်ကြည့်ဖြစ်တယ်...
ကိုယ်ရော တစ်နေ့ အိုမှာလား ပေါ့
ကိုယ်ရော အဲ့တစ်ချိန်ကျ ဘယ်လိုဖြစ်နေမှာလဲလို့ ငယ်ငယ်ကတော့ အတွေးကြီးတွေးခဲ့ဖူးတာပဲ
ကိုယ်က ကိုယ့်ဘဝကိုအရှည်ကြီး လို့အစကတည်းက ဇာတ်ကွက်ဆွဲထားခဲ့တာ...
တကယ်က အချိန်သိပ်မလောက်တော့လို့ အိပ်မက်တွေကို လက်လွှတ်ရတဲ့အခါ သူတို့ကိုမြင်ရင် ကျွန်တော်တမျိုးဝမ်းနည်းပါတယ်...သူတို့က အသက်အကြာကြီးရှည်ပြီးဒုက္ခကိုခံစားနေရမျိုးလို့ ကျွန်တော်ကထင်တယ်
ကျွန်တော့်ဘဝကတော့ ပေါက်ကွဲမှုတစ်ခုနဲ့တင် လှလှပပ ကြီးကိုအဆုံးသတ်မယ်ထင်ပါတယ်...
ကိုယ်သတိထားမိတယ်....
မင်းပါးမှာ အရေးအကြောင်းလေးတွေထင်းလာတယ်
မျက်လုံးအောက်ကအရစ်လေးတွေ ပိုသိသာလာတယ်မင်းမျက်နှာလေးကလူကြီးပုံပေါက်လာနေပြီ
ကိုယ် မင်းပြောင်းလဲနေတာလေးကို သည်တိုင်းကြည့်နေခွင့်ရတာကိုတောင် ဘယ်လောက်ပျော်နေမိလဲသိလား ခင်ဗျား
တစ်ယောက်သောသူကတော့ အသက်ကြီးလာတာမြန်လို့.. မျိုးဆက်အဟောင်းတွေဖြစ်လို့...ဘာညာနဲ့
ခင်ဗျားရယ်...ခင်ဗျားက ကျွန်တော့်ထက်အပုံကြီးသာပါတယ်...
ကျွန်တော့်မှာ မသေချာတဲ့အရာတွေရှိသေးတယ်
ကျွန်တော် ခင်ဗျားခုလိုလျှမ်းလျှမ်းတောက်တဲ့အရွယ်ထိ နေနိုင်မှာလား
ကျွန်တော့်ရဲ့ အိမ်မက်တွေနဲ့...
ညနေအပြန်မှာကြိုရမယ့် မိသားရုလေးရော ..ကိုယ်အမြဲမေ့ထားတဲ့အတိတ်က ကိုယ်လည်းအရွယ်ရောက်နေတာနဲ့အမြဲသတိပေးနေပါတယ်
မင်းလမ်းကြောင်းမင်းကျောင်းရမယ့်အချိန်တွေ ရောက်နေပြီနော်လို့..
ဆံပင်အရောင်တွေခဏခဏပြောင်းတဲ့ခင်ဗျားဆီမှာ ဆံပင်ဖြူရော ဘယ်နှချောင်းရှိနေပြီလဲ
ညဘက် အဆစ်အမြစ်တွေကိုက်လို့ အိပ်မရတာမျိုးရှိနေပြီလား
ဝိုင်သောက်တတ်ပြီလား
နှလုံးသားဘက်ကိုရော ရှာတွေ့ခဲ့ပြီလား
ဘဝကပြည့်စုံပြီလို့ခံစားရပြီလား
ကျွန်တော့်မှာ အဲ့တာတွေမရှိဘူး ခင်ဗျားရဲ့
တခါတလေကျခင်ဗျားကိုကြည့်ရတာ အနားမှာတန်ဖိုးဆုံးအရာတွေရှိနေရက်နဲ့ ခင်ဗျားက တခြားအရာကိုတောင့်တနေသလိုပါပဲ...
ခင်ဗျားမွေးကတည်းက ပိုင်ဆိုင်ပြီးသား တချို့အရာတွေက ကျွန်တော် ဘယ်လိုဆုတောင်းတောင်းမပြည့်မယ့်အရာတွေပဲ
ဘဝက နီးနီးလေးပါ...ခင်ဗျားရယ်...
.ကျွန်တော့်လိုလူအတွက်တော့ ဘဝကနီးနီးလေးတွေပါပဲ
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ