မင်းက ဖျက်ဆီးဖို့ကြိုးစားတဲ့အချိန် ငါကတည်ဆောက်ဖို့ကြိုးစားတယ် ဒေလီယာ...ငါ့မှာရှိသမျှခွန်အားနဲ့။
ဘယ်လိုအကြောင်းကြောင်းနဲ့ဖြစ်စေလမ်းခွဲပြီးတဲ့အခါ နာကျင်ရတာပဲ ဒေလီယာ...
ငါအဲ့တာကို မင်းကိုမခံစားစေချင်ဘူး
မင်းလျှောက်တဲ့လမ်းကမမှားဘူး...ဒါပေမယ့် ငါ့လိုတော့ အဆုံးမှာ လမ်းပျောက်တဲ့ကောင်မဖြစ်စေချင်ဘူးငါ့မှာ ဘာမှမရှိဘူးဒေလီယာ။
ဗလာ ဆိုတဲ့ ခံစားချက်က မင်းမခံစားဖူးသရွေ့မသိနိုင်ပါဘူး..မင်းကိုလည်းမကြုံစေချင်ပါဘူး...
မင်းကငယ်သေးတယ်လေ...
ဘဝကိုအများကြီးဆက်ရှင်သန်ဦးမှာမလား....ပျော်နေရဲ့လားလို့ မင်းအပြုံးကိုခဏခဏစစ်ဖြစ်တယ်
ဒါ အတည်နော်လို့ စိတ်ချရမှ ကိုယ်လည်းအမှောင်ထဲပုံမပျက်သွားပြန်နေတယ်....
ဒီအမှောင်တွေထဲမှာ သည်အတိုင်း ထာဝရရှိသွားရဦးမှာ...အခြားသူတွေက ဒါကို ဝဋ်ကြွေးလို့ခေါ်တယ်
ခင်ဗျားက အပြစ် ဆိုတာအကြောင်းဘယ်လောက်များသိထားလို့လဲ
အင်း...ကျွန်တော်မွေးဖွားလာတယ်
ကျွန်တော်အပြစ်အသစ်တွေလုပ်ထားတယ်...
ဒါတွေက ဆပ်မကုန်ဖြစ်နေဦးမှာပဲ.....ခင်ဗျားကိုတော့ပျော်စေချင်တာပေါ့...
ကျွန်တော့်ဆီကlucky charmတွေအကုန်ယူလေ....ခင်ဗျားရဲ့...အဲ့တာတွေမရှိလည်း ကျွန်တော်ဖြစ်တယ်....
ခင်ဗျားကတော့ လိုတယ်မလား။
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ