တချို့သူတွေကပြောတယ်
သူတို့ဘဝမှာ အရာရာကိုဆုံးရှုံးနေရပါတယ်ဆိုပြီး
ရှိစုမဲ့စုသူရဲ့ဘဝကိုဖဲ့ယူသလိုပါပဲတဲ့သူများရေးထားတာပြောတာ...
ကိုယ်များသူများဆီကဖဲ့ယူမိတာရှိသလား ကိုယ်စဉ်းစားသေးတယ်...
ရှိများရှိရင် အပြစ်ကြွေးစာရင်းထဲဆပ်ဖို့ထည့်ရမယ်လေ....
ရှိစုမဲ့စုဘဝတဲ့..ကိုယ်ရယ်ခဲ့ပါတယ်..
တကယ် ရှိစုမဲ့စုသူတွေက စာတွေအနေနဲ့တောင်သူတို့ဘဝကိုချမပြဖြစ်ခဲ့ပါဘူး
သူတို့ဘဝက စာရွက်နဲ့ဘောပင်တစ်ချောင်းတောင်ရှိမှာမဟုတ်လို့လေ....။
မင်းက အဲ့စာကြီးတစ်စောင်ကို ရှဲယ်နေကတည်းက မင်းကရှိစုမဲ့စုသူတော့မဟုတ်ပါဘူး...
ဒါပေမယ့်..အဲ့တာမင်းပဲလို့ထင်တယ်မလား...
တကယ် အထိနာပြီးသာဘဝတွေက ရင်ထဲမှာပဲရင်းပြီး
ဘဝတွေကြွေရလို့ပါပဲ...တချို့အရာတွေကိုကိုယ်သယ်သွားမယ်...
ကိုယ်မပြောပြဖြစ်တဲ့...ပြောပြလည်း စက္ကူစုတ်အပြင်မပိုမယ့် အရွက်ခြောက်ကြွေတွေကို....ငါ့အနားမှာပဲ
ထာဝရထားခွင့်ပြုတော့ပါ..
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ