အရေးကြီးတဲ့အကြောင်းအရာတွေကပြောပြရအခက်ဆုံးပါတဲ့
ခက်တော့တာပဲ
အဲ့အထဲမှာ မင်းကိုမြတ်နိုးတဲ့အကြောင်းတွေပါနေတယ်
အဆိုးရွားဆုံကတော့ မင်းကငါ့ကိုမလိုအပ်တာဘဲ
လိုအပ်စရာအကြောင်းကိုရှိမလာတာ
ကိုယ့်ရဲ့ပျော်ရွှင်ခြင်းကို တခြားသူတစ်ယောက်စီမှာမအပ်နှံပါနဲ့တဲ့
သူက ကိုယ့်ကိုအလေးမထားတဲ့အခါ အဲ့သည်ပျော်ရွှင်ခြင်းတွေကတခဏချင်းပျောက်ဆုံးသွားပါလိမ့်မယ်တဲ့
ထူးဆန်းတဲ့စကားတွေချည်းကြားလိုက်ရသလို
ကိုယ်ကိုယ်တိုင်ပျော်ရတဲ့အပျော်မျိုး...တပါးသူမရှိတဲ့အပျော်မျိုးကိုယ်ရရောရခဲ့ဖူး..ရှာရောရှာခဲ့ဖူးသလား
မသေချာဘဝကိုက လမင်းလို သူတပါးကို အေးချမ်းစေပြီး
လိုရာဖြည့်ပေးရတဲ့လက္ခဏာတခါတလေ တချို့သောအရာတွေကရှောင်လွှဲလို့မရဘဲလက်သင့်ခံရပါတယ်...
အဲ့ထဲမှာကိုယ့်ရဲ့ဇာတာရယ်..ဘဝမှာမင်းကိုတွေ့ရမယ့်အကြောင်းရယ်ဖန်လာတော့....
တဖြည်းဖြည်း ဝေးဝေးသွားတာကိုကြည့်နေရင်း
သိစမ်းစေချင်လိုက်တာ
ငါမင်းကိုဘယ်လောက်ထိ ချစ်နေခဲ့တယ်ဆိုတာ..
ငါကိုယ်တိုင်တောင်မသိဘဲ ငါ့ရဲ့ပျော်ရွှင်ရခြင်းတွေအကုန် မင်းဆီရောက်နှင့်ပြီးသားဆိုတာ...
မင်းသာဖျက်ဆီးလိုရင် အချိန်မရွေးကွယ်ပျောက်ပေးရမယ့် လပြည့်ညတစ်ညလိုဆိုတာ...
အရာရာကိုပိုင်ဆိုင်ဖူးတဲ့မင်းကို..ငါသိမ်းဆည်းထားတဲ့
"ဗလာ" တွေအကြောင်း မြင်စေချင်လိုက်တာ
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ