အသက်မရှင်ချင်တော့တဲ့အခိုက်အတန့်တွေဟာ တကယ်ပဲရှိပါတယ် ဒေလီယာ
ရှင်နေလည်း သိပ်မထူးတဲ့ ဖြစ်တည်မှုမျိုးတွေဟာ တကယ်ပဲမရှားပါဘူး...
လူတွေကဘာလို့များ သေဖို့အပြင်မရှိတဲ့ဘဝကို အသေအကြေရုန်းကန်နေရလဲမသိပါဘူး.
ခင်မင်တွယ်တာစရာတွေများလို့လားမသေခင်ဖြစ်ချင်တဲ့ဆန္ဒတွေ တအားများ ရှိနေလို့လား
သေမထူးနေမထူးဘဝဆိုတာ တကယ်မရောက်ချင်ခဲ့တာပါ...
အဲ့တာက ကိုယ်မသိလိုက်တဲ့အချိန် ကိုယ့်ဆီကိုလည်းရောက်လာလိမ့်မယ်လို့မထင်ထားခဲ့ဘူး..ကိုယ်
ဒီကမ္ဘာမှာ..
အချစ်တွေမရှိဘူး
ညှာတာခြင်းတွေမရှိဘူး
စကားပြောတဲ့မျက်လုံးတွေနဲ့အမူအရာတွေကိုအရေးတယူလုပ်မယ့်သူမရှိဘူး
ပျော်ရွှင်ခြင်းအစစ်အမှန်တွေမရှိဘူး
အိပ်မက်တွေကတကယ်မရှင်သန်သလို
အောင်မြင်ခြင်းက အရသာမရှိဘူး
ငါမတွေ့ဘူး...
ဒီဘဝမှာ နေချင်စရာကောင်းတဲ့အကြောင်းပြချက်
တစ်ခုတောင်ငါမတွေ့ဘူးဘာမှမရှိခြင်းကပဲ အရာသာပဲလားတော့မသိ
ထပ်ပြီးအရောင်တွေမဆိုးချင်တော့ပါ
ရှင်သန်ရတာတကယ်ပင်ပန်းပါတယ်
ကိုယ်လိုချင်တဲ့ကမ္ဘာဟာ အိပ်မက်ဆန်နေတဲ့အခါပေါ့
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ