Dahlia

46 7 0
                                    

ဒေလီယာငယ်ဟာ တစ်စုံတစ်ယောက်နဲ့ယှဉ်ဖို့ မွေးလာရတာမဟုတ်ဘူး....

တခါမှသတိမရချင်တဲ့ ဆင်ခြေ လို့ပြောလို့ရတဲ့နူးညံ့မှုတွေ အားငယ်မှုတွေဟာ နှင်းဆီနဲ့တွေ့မှဘဲ
လုံးလုံးလျားလျား ကျဆုံးရတော့တယ်...

မင်းဟာ နှင်းဆီထက် ဒေလီယာကိုရွေးမှာမဟုတ်ဘူး

ကိုယ်အစတည်းကသိနှင့်ပြီးသားပဲ...

ဒါပေမယ့် လေ..ကိုယ်လေ...

နှင်းဆီနဲ့ယှဉ်ပြီး ရှိနေရတဲ့အခါ...

ဘာကပျောက်ဆုံးမှန်းမသိဘဲ...

ဘာကမှားယွင်းလဲမသိဘဲ.. အကြိမ်ကြိမ်အခါခါဆန်းစစ်ပြီးတာတောင်.. ထွက်လာရတဲ့အဖြေက

"နဂိုတည်းက ငါ့နေရာမဟုတ်ခဲ့ဘူး" ဆိုတဲ့
-မဆိုင်ခြင်း-တစ်ခုသာ

What's not yours is not yours!

မင်းဖို့မဟုတ်တဲ့အရာက မင်းဖို့မဟုတ်ဘူး

ဒေလီယာက နှင်းဆီပန်းမဟုတ်ဘူး...
ဒါက ဒေလီယာ တစ်ယောက် ပြောင်းလဲနိုင်မယ့်အရာမဟုတ်သလို ပြောင်းလဲဖို့လည်းမလိုတဲ့အရာ

အဖြေကတော့
တစ်ယောက်တမျိုးစီလှကြတာပဲ...

နှင်းဆီကြိုက်တတ်တဲ့ မင်းအတွက် နှင်းဆီနီက မင်းနဲ့သင့်တော်သလိုပဲ.

ဘယ်ဘက်ကလှည့်တွက်တွက် အဖြေက တစ်ခုတည်းထွက်လာသလို..

မုန်းတာလည်းမဟုတ် နာကျင်တာလည်းမဟုတ် သဝန်တိုတာလည်းမဟုတ်ရတဲ့ ဒေလီယာငယ်...

ငါတို့က အမှားတစ်ခုမှာပျော်ပျော်ကြီးနေခဲ့ကြတယ်

"မင်း" ဆိုတဲ့သူလက်ထဲမှာ ဆိုတဲ့ အတွေးနဲ့အမှားကစခဲ့တာ....

မလိုရင်တောင်...Imm..

မင်းအတွက်မလိုရင်တောင်....

ဒါ့အပြင် ဘာမှ မရှိတဲ့ ဒေလီယာငယ်မို့

တမလွန်​မှ ကျွန်​မထံ ​ပေးစာWhere stories live. Discover now