ဘောစေးနောင်

36.3K 1.1K 29
                                    

ဘောစေးနောင်

သူကားအဖွဲ့အစည်းထဲကဖြစ်ပြီး
သူ၏ Uniform သည်တစ်စုံလုံးအနက်ရောင်ဖြစ်သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ရာဇဝတ်မှုအစုစုတို့အားတိုက်ဖျက်ဖို့တာဝန်ယူထားသူမို့ Uniform ကအနက်ရောင်ဖြစ်နေခြင်း။

ပခုံးဘေးနှစ်ဖက်မှာတော့သူ၏လူမျိုးအားကိုယ်စားပြုသည့် အလံက သေသပ်စွာနေရာယူ၏။

အသားဖြူဖြူအရပ်ရှည်ရှည်နဲ့မြန်မာအမျိုးသားတစ်ယောက်မှာရှိသင့်ရှိထိုက်သောအရပ်ထက် ပိုရှိနေသူဖြစ်သည်။

အသက်ကနှစ်ဆယ်ကျော်မို့
ငယ်သေးသည်ဆိုရမည်။

သို့သော် သူရဲ့အရည်အချင်းကိုတော့ သူ့ပခုံးထက်က တောက်တောက်ပပရှိနေသည့်ကြယ်သုံးပွင့်မှာမြင်တွေ့ရမည်ဖြစ်သည်။

စူးရဲသောမျက်ဝန်းတစ်စုံနှင့်သြဇာပါလှသောအသံ ။
သေနတ်အမြဲကိုင်လေ့ရှိသည့်လက်မောင်းနှစ်ဖက်မှာ အကြောများက ထင်းလျက်သား ။

ဘောစေးနောင် သည် သူ့အသက်တစ်ဆယ့်လေးထဲကပင်ဒီလောကထဲဝင်လာသူဖြစ်သည်။

ထက်မြက်၍တော်ရုံသာမက ပရိယာယ်လည်းကြွယ်သူဖြစ်သည်။

တစ်ဆယ့်လေးနှစ်ထဲကစလို့ယခုတိုင်ထိ
ဘောစေးနောင် အောင်မြင်ခဲ့သော တိုက်ပွဲ
အမှုကြီးတွေကမနည်းမနောပင်။

သူနေထိုင်ရာနယ်လေးမှာတော့ သူဟာ
နာမည်အလွန်ကြီးသည်။

မျက်နှာမြင်ဖူးတဲ့သူရှားသော်လည်း
ဘောစေးနောင် လို့ပြောလိုက်ရင်အကုန်နီးပါးကသိနေလေသည်။

သူစ၍တာဝန်ထမ်းဆောင်တော့မှသာ
ရာဇဝတ်မှုတွေအတော်လေးငြိမ်သွားသည်။

သူသည် ဖမ်းဖိထားသည့်ရန်သူတွေကို
ဘယ်တော့မှ အရှင်မထားပါ။

အဘယ်ကြောင့်ဆို သော် သူ့နေထိုင်ရာအနီးတစ်ဝိုက်၌ ထောင်မရှိလို့ဟူ၍ပြောသည်။

အရင်က အပြစ်သားသုံးရာနီးပါးဆန့်သည့်ထောင်ရှိခဲ့ပေမယ့် ဘောစေးနောင်ကဒီ တာဝန်ကိုယူခဲ့သည့်နေ့မှစ၍ ထောင်ကြီးကိုဖြိုလိုက်ခြင်းဖြစ်သည်။

Never Ending ( Complete) Where stories live. Discover now