Part12

7.5K 538 19
                                    

Part 12

သားတစ်ယောက်ဆုံးရှုံးလိုက်ရခြင်းအပေါ်
မချိတင်ကဲစွာ ခံပြင်းအံကြိတ်လေသောဖခင်။

သူသည်ကား ဘိန်းဘုရင် သိန်းထိုက်ပင်။

သားတစ်ယောက်တည်းသာရှိရာ
ထိုသားက ယခု ရုပ်ပျက်ဆင်းပျက် သေဆုံးသွားခဲ့ရပြီ။

တောက်!!!

ပစ္စည်းတွေကိုရိုက်ခွဲပြီး တောက်တခေါက်ခေါက်နှင့် သိန်းထိုက်သည် သူ့သားအတွက်သေချာပေါက်တုံ့ပြန်မှာဖြစ်လေ၏။

သူ့အနားတွင် ဇနီးဖြစ်သူက ငုတ်တုတ်ထိုင်ရင်း ငိုနေပြီး သတို့သမီးလောင်းကလည်း
ရှိုက်ကြီးတငင် ငိုသည်။

အလှပြင်နေစဥ် အိပ်မွေ့ချခံလိုက်ရသည့်သတို့သမီးသည် နိုးထလာသည့်အချိန်မှာတော့ သွေးပျက်ဖွယ်သတင်းကိုကြားလိုက်ရတော့သည်။

သူ့သတို့သားကမင်္ဂလာခန်းမတွင် သေဆုံးသွားချေပြီတဲ့။

ယခုမှာတော့ အိမ်၏ဧည့်ခန်းတွင်ဝိုင်းဖွဲ့ရင်း ငိုကြွေးရုံသာတတ်နိုင်သည်။

"အဲ့ဒါနင့်ကြောင့် အနီမသုံးပါနဲ့
ငါအတန်တန်ပြောရက်နဲ့!''

သတို့သား၏အမေသည် သူမရှေ့ငိုနေသည့် မတော်ရသေးသောချွေးမကို လက်ညှိုးထိုး၍ အော်ငေါက်ပြောဆို၏။

ဤနေရာ ဤအရပ် ဤဒေသတွင် ရှေးလူကြီးတွေရဲ့အမှာစကားတွေရှိသည်။

ဘယ်ပွဲကိုမှအနီရောင်မသုံးဖို့ အကယ်၍
သုံးခဲ့သည်ရှိသော် အချင်းချင်း
သေကွဲမကွဲရင် ရှင်ကွဲ ကွဲမယ်ဆိုပြီး
ရှေးလူကြီးတွေကမှာကြားခဲ့သည်။

အထက်တန်းလွှာတို့ဟူသည် အယူသီးမှုကိုအထင်သေးကာ နှာခေါင်းရှုံ့တတ်သည်။

သူတို့အား ဥပမာ တစ်ခုနှင့် သေချာပြောပြရင်တောင် လွယ်လွယ်ယုံမှာမဟုတ်ချေ။

"သွားတော့ ငါတို့ထပ်ပြီးပတ်သက်ဖို့မလိုတော့ဘူး''

သတို့သားအမေကမောင်းထုတ်ခြင်းဖြစ်ပေသည်။

သတို့သမီးအမေကလည်း ချက်ချင်းသမီးလက်ကိုဆွဲကာ သိန်းထိုက် စံအိမ်တော်ကထွက်သွားသည်။

Never Ending ( Complete) Where stories live. Discover now