s3(9)

2.3K 197 4
                                    

9
.
Unicode

နားထဲတိုးဝင်လာသည့်ရှိုက်သံသဲ့သဲ့
ကြောင့် Chally အခန်းထဲပြန်ဝင်ဖို့လုပ်ရာကနေ အသံလာရာ အခန်းနံဘေးထောင့်ဆုံးကပ်ကဝရန်တာဘက်ထွက်လာလိုက်လေသည်။

အမှောင်ထဲငုတ်တုတ်ထိုင်ပြီးငိုနေသူကား
Jay ဖြစ်ပြီး  တစ်ကိုယ်လုံးတုန်ယင်နေအောင်ငိုနေသည်မို့ Chally မှာ ဥပေက္ခာ
မပြုနိုင်။

သို့ကြောင့် နံဘေးဝင်ထိုင်ရင်း Chally သူ
Jayကိုအဖော်ပြုပေးမိတော့သည်။

"ရင်ဖွင့်စရာရှိရင် ဆရာ့ကိုရင်ဖွင့်နိုင်တယ်
Jay''

ပြောလိုက်တော့မော့ကြည့်လာသောမျက်ဝန်းတစ်စုံဟာမျက်ရည်တွေပြည့်လျှံလျက်။

မနက်ကပြသနာကိုကျောင်းအုပ်ကဘာမှဆက်မပြောတော့ ဘာဖြစ်လို့ဖြစ်မှန်း
Chally တကယ်မသိ။

Lordကလည်းသူများအကြောင်းပြောတတ်သူမဟုတ်တော့ သူ့ကိုဘာမှမပြော
ခဲ့ချေ။

"ကျွန်တော်ပြောရင်ဆရာကယုံမှာလား''

ရှိုက်သံတစ်ဝက်နဲ့မေးလာသောJayကို
Chally ခေါင်းသာညိတ်ပြလိုက်သည်။
သူဟာ လူကြီးဖြစ်ရုံမကစဥ်းစားတွေးခေါ်တတ်တဲ့ဦးနှောက်လည်းရှိနေတော့ Jayကို
ယုံသင့်မယုံသင့် သူချင့်ချိန်နိုင်သည်။

သို့ပေမယ့် ငိုနေသူစိတ်ချမ်းသာအောင်တော့ သူခေါင်းညိတ်ပြလိုက်ပါသည်။

"ကျွန်တော်ဒီကျောင်းကိုသူလျှိုအနေနဲ့ဝင်လာတာပါဆရာ ဒါပေမဲ့ ကျွန်တော်ကျိန်ပါတယ် ဒါကျွန်တော့စိတ်ရင်းလုံးဝမဟုတ်ပါဘူး သူတို့ သူတို့က''

Jayကပြောနေရင်းထငိုလာပြန်တော့
Chally မှာ Jayကျောကိုပုတ်ပေးပြီးချော့သိပ်နေရသည်။

ရှိုက်ကြီးတငင်ငိုနေတဲ့Jayကိုကြည့်ရင်း Chally စိတ်မကောင်းဖြစ်မိကာသက်ပြင်းချမိတော့သည်။

Jayဆက်မပြောသော်လည်း Jayဟာ ကြိုးကိုင်ခံနေရမှန်း Chally ရိပ်မိ၏။

"ဘာလုပ်ပေးရင်သူတို့ကလွှတ်ပေးမယ်
ပြောလဲ''

"သူတို့ကကျောင်းရဲ့အားနည်းချက်ကိုရှာခိုင်းတာပါ အဲ့ဒါပြီးရင် ကျွန်တော်နဲ့
ကျွန်တော့်အဖေကိုလွှတ်ပေးမယ်တဲ့ ဒါ
ဒါပေမဲ့ ဖေဖေကသူတို့လက်ထဲရှိနေတော့
ကျွန်တော်စိတ်ပူတယ်''

Never Ending ( Complete) Where stories live. Discover now