Part14

7.1K 627 26
                                    

Part 14

Unicode & Zawgyi
.
.
.
နောက်တစ်နေ့မနက်

အလင်းရောင်တို့တိုးဝင်လာသည့်အချိန်
ပတ်ဝန်ကျင်တစ်ခွင်လုံးမှ လေရူးတွေတိုက်ခတ်မှုကြောင့် အေးစိမ့်လိုက်တာများ အသည်းခိုက်အောင်..... ။

ဇွဲသက်တန့် သည် ခါတိုင်းဆို ယခုအချိန်ထတတ်သူမဟုတ်။

သို့သော် မြို့ပြန်ဖို့အစီစဥ်ရှိနေတာကြောင့်
မျက်လုံးတို့ကိုအတင်းပြူးကာထရသည်။

လာတုန်းကဘာမှမပါတာကြောင့် ပြန်သည့်အခါမှာလည်း လက်ဗလာနဲ့ပါပဲ။

မနက်စာ အား ဘောစေးနောင်နှင့်အတူစားပြီးသည့်အခါ စခန်းမှလူအများသွားသည့်လမ်းမဟုတ်သည့် လျှို့ဝှက်လမ်းနှင့်ထွက်လာလိုက်သည်။

ယခုတလော ရန်သူ၏အာရုံစိုက်မှုကို
အခံရဆုံးဖြစ်သည့်ဇွဲသက်တန့်အတွက်
ဘောစေးနောင် ဘက်မှ တိတ်တဆိတ်စီစဥ်ထားမှုတွေများစွာရှိသည်။

လျှို့ဝှက်လမ်းသို့ထွက်လာရာတွင်
ဘောစေးနောင် ကိုယ်တိုင် ကားမောင်း၏။

ဘောစေးနောင်ကားနောက်မှာတော့
တပ်သားငါးယောက်ပါသည့် ကားတစ်စီးက လုံခြုံရေးသဖွယ်လိုက်လာသည်။

ဘောစေးနောင် မောင်းသည့်ကားတွင်
သူနှင့် ဇွဲသက်တန့် နှစ်ယောက်သာရှိသည်။

နှစ်ယောက်သားလက်ဖဝါးချင်ဆုပ်ကိုင်၍
လက်တွဲထားသည်မို့ ဘောစေးနောင် သည် လက်တစ်ဖက်နှင့်သာကားမောင်းသည်။

ရွာတွေကိုကျော်ဖြတ်ပြီးမြို့စွန်နားရောက်သည့်အခါ ဘောစေးနောင် သည် ကားကို
သစ်ပင်ကြီးတစ်ပင်အောက်ရပ်လိုက်လေသည်။

နောက်မှလိုက်လာသည့်ကားသည်လည်း
သစ်ပင်ကြီး၏မျက်နှာချင်းဆိုင်သစ်ပင်အောက်တွင် အလိုက်သင့်နေရာယူသည်။

တပ်သားတွေသည်ကားပေါ်ကဆင်းပြီး
အရပ်ရှစ်မျက်နှာတစ်ဝန်းလုံခြုံရေးယူ၏။

ဘောစေးနောင် သည် သူဆုပ်ကိုင်ထားသော ဇွဲသက်တန့် လက်ကို သူ့နှုတ်ခမ်းနားဆွဲယူပြီးတစ်ချက်နမ်းသည်။

"ပြန်လာတဲ့နေ့ ဒီနေရာမှာလာကြိုမယ်''

"အင်း''

Never Ending ( Complete) Where stories live. Discover now