Part 9

7.4K 566 25
                                    

Part 9

Unicode & Zawgyi
.
.
.
နေကနဖူးတည့်တည့်ထိုးလာနေပြီဖြစ်သလို ချွေးတွေလည်းစို့လာနေပြီ။

သို့သော်နိုးကတည်းကစခန်းတွင်
ဘောစေးနောင်ရဲ့အရိပ်ကိုလုံးဝမတွေ့မိသောအခါဇွဲသက်တန့် မနေနိုင်တော့ချေ။

တဲအိမ်ကထွက်ပြီး ဂိတ်ဝတွင် ရှိနေသော
တပ်သားနှစ်ယောက်ဆီ ဇွဲသက်တန့်
ခပ်မြန်မြန် လျှောက်လိုက်လေသည်။

"နောင်ရော''

"ရုံးမှာရှိတယ်လေ''

တပ်သားတစ်ဦး၏စကားအဆုံး
ဇွဲသက်တန့် သည် ဘောစေးနောင်အမြဲရှိနေတတ်သည့် ရုံးခန်းထဲ ပြေးဝင်တော့သည်။

ရုံးခန်းတံခါးကိုဝုန်းခနဲတွန်းဖွင့်လိုက်သည့်အခါ ခုံပေါ် နားထင်ထောက်၍ တစ်ခုခုကို
အကြိတ်အနယ်စဥ်းစားနေသည့်
ဘောစေးနောင်က ဇွဲသက်တန့် အားလှမ်းကြည့်လာသည်။

"နောင် မင်းအဆင်ပြေရဲ့လား''

ဇွဲသက်တန့် သည် ဘောစေးနောင်ရှေ့ကခုံပေါ်ဝင်ထိုင်ပြီး ဘောစေးနောင်၏မျက်နှာကိုအကဲခတ်ပြီးသည့်နောက် မေးလိုက်ခြင်းဖြစ်ပေသည်။

ထိုအခါ ဘောစေးနောင်က ခေါင်းညိတ်ပြ၏။

"ပြေတယ် ဒီတိုင်း ဦးနှောက်ခြောက်စရာရှိလို့''

"ဘာကိစ္စလဲ ''

ဇွဲသက်တန့် ထပ်ပြီးမေးလိုက်သည့်အခါ
ဘောစေးနောင်ကပင့်သက်ရှိုက်၍
ခုံပေါ်ထောင်ထားသည့် ပြက္ခဒိန်ကရက်စွဲတစ်ခုကို လက်နဲ့ထောက်ပြသည်။

"နောက် ငါးရက်နေရင် သန်းမောင်မြို့ကိုရောက်လာလိမ့်မယ် ဒီတစ်ခေါက် သူ့ကိုအမိဖမ်းဖို့လိုတယ် ဒါပေမဲ့ ငါက အရှင်ဖမ်းတဲ့နေရာမှမတော်ဘူး''

သူ့အားနည်းချက်ကြောင့်မျက်နှာ
မကောင်းသော ဘောစေးနောင်ကို
ဇွဲသက်တန့် က အသံတိတ်ကြည့်နေလေသည်။

လူတိုင်းမှာအားနည်းချက်ရှိတယ်ဆိုတဲ့စကားအတိုင်းပဲ။

"နောက်ငါးရက်မှမှတ်လား အေးဆေးလုပ်လို့ရတယ် ငါအကြံဖော်ပေးမယ်''

ဇွဲသက်တန့် ဤသို့ပြောသည့်အခါ
ဘောစေးနောင်က သူ့ကိုချက်ချင်းစိုက်ကြည့်လာသည်။

Never Ending ( Complete) Where stories live. Discover now