Part 30
.
သူရိန်ရဲ့တောင်းဆိုချက်တွေညှိနှိုင်းမှုတွေခြိမ်းခြောက်မှုတွေက ထိရောက်မှုရှိတယ်ပြောရမည်။ နောက်တစ်နေ့မနက်မှာပင်
သူရိန်ရဲ့တောင်းဆိုချက်အတိုင်း သူတို့
နောင်နဲ့သူအဖေကိုလွတ်မြောက်ခွင့်ပေးလိုက်လေသည်။ လွယ်လွန်းတဲ့လွတ်မြောက်ခွင့်ပေးခြင်းဆိုပေမယ့် နောင် ပေးလိုက်ရတာတွေက တစ်ပုံတစ်ခေါင်းကြီးပင်။ရာထူးတွေတပ်သားတွေဂုဏ်တွေအားလုံးပြန်ရုတ်သိမ်းခံလိုက်ရသည်။ ရထားတဲ့ဆုတွေ ချီးမြောက်ပေးထားတဲ့စာလွှာတွေပါ
မကျန်အားလုံးပြန်သိမ်းခံရသည်။ အဆိုးဆုံးက ဤအရပ်ဤနေရာဤဒေသမှာ
နောင်ရဲ့ခြေရာတွေကိုရှာလို့မတွေ့တော့အောင်ဖျောက်ခံရသည်။နောင်ရဲ့ ဓာတ်ပုံတွေ နောင်ရဲ့အသုံးအဆောင်တွေအဝတ်အစားတွေအကုန်လုံးကိုမီးရှို့ပစ်ကြသည်။ နောင်ကို သေသွားတဲ့လူတစ်ယောက်အဖြစ် နောင်ပိုင်ဆိုင်သမျှအားလုံးကို ဖျောက်ဖျက်ကြသည်။လိုတိုင်းပြည့်စုံသည့်ဘဝကနေ လက်ထဲပိုက်ဆံတစ်ကျပ်လေးတောင်မရှိတော့တဲ့ဘဝသို့ရောက်သွားသောနောင်ကိုကြည့်ရင်း ဇွဲသက်တန့် မျက်ရည်တို့အသံတိတ်ဆင်းတော့၏။ နောင်နဲ့ပတ်သက်တဲ့စီရင်ချက်ချသည့်နေ့မို့ရုံးကြီးမှာလူတွေများစွာရှိနေသည်။တချို့တွေက
ဇွဲသက်တန့် မလိုမုန်းတီးစွာကြည့်သည်။
ဇွဲသက်တန့် ကြောင့် နောင်ယခုလိုဘဝရောက်သွားခြင်းဆိုသည့်အတွေးနဲ့ပင်။တန်းစီချထားသောကော်ကုလားထိုင်တွေရဲ့ရှေ့ဆုံးတန်းမှာ ဇွဲသက်တန့် တို့သားအဖသုံးယောက်နှင့် နောင် ပါးရှိလေသည်။
သားက သူရွေးချယ်ချင်တာကိုရွေးချယ်
ခွင့်ရလိုက်တာပဲ။ သားအခုလိုလွတ်လပ်သွားတာတွေ့တော့ အဖေတစ်ယောက်အနေနဲ့ ထပ်တူကျေနပ်ရပါသည်။ သားပြန်ပေးလိုက်ရတာတွေအတွက်စိတ်
မကောင်းပေမယ့် ဒါ သားဖြစ်ချင်တဲ့အရာပဲ။"ကဲ ဒါဆို ကိစ္စကပြီးသွားပြီပေါ့
ဘောစေးနောင်အနေနဲ့ ဒီနယ်မြေထဲ အခြေချခွင့်လုံးဝမရှိပါဘူး ပြန်လာလည်ရင်လည်းသတ်မှတ်ထားတဲ့ရက်အကန့်အသတ်နဲ့ပဲနေရမယ် စည်းကမ်းကို
မလိုက်နာရင်တော့ အသက်နှုတ်ခံရလိမ့်မယ်''
YOU ARE READING
Never Ending ( Complete)