Part 15

7K 539 27
                                    

Part 15
.
Unicode & Zawgyi..
.
.
.
ရင်တမမနှင့်မနက်စာစားရင်းအရိပ်အကဲ
စမ်းနေရသောသူ

မနက်မိုးလင်းတည်းက ပါပါးရော Daddy ပါ ဆိတ်ငြိမ်နေလေသည်။ထိုသို့သောဆိတ်ငြိမ်ခြင်းဟာ ဇွဲသက်တန့် ကိုများစွာနေရခက်စေသည်။

ပါပါးက ကိုးနာရီဆိုကုမ္ပဏီရောက်အောင်သွားဖို့ရှိသည်။ ဒါ့ကြောင့် မနက်ရှစ်နာရီနည်းက သားအဖတို့သုံးယောက်မျက်နှာချင်းဆိုင်ကာ မနက်စာ စားသုံးကြသည်။

ညတုန်းကအနေခြေကြောင့် ပါပါးက
စိတ်မပြေသေးဟန်ပေါ်သည်။

ထမင်းစားစဥ်တစ်လျှောက် Daddy ကို ဂရုစိုက်ပေမယ့် ဇွဲဇွဲ ကိုကျယောင်လို့တောင်လှည့်မကြည့်ချေ။

ကြောက်ရမလိုလိုနဲ့ဆိုသော်လည်း တကယ်တမ်းက ဝမ်းနည်းရခြင်းသာ။

သက်ပြင်းလျလျရှိုက်လို့ မနက်စာကို
ဝမ်းနည်းနေသည့်ကြားက အားတင်းကာ
စားနေရသော နေ့တစ်နေ့ပင်။

"ကွာ ဆေးဘူးပါမလာခဲ့ဘူး သား ပါပါးတို့အခန်းထဲက သား Daddy ရဲ့အားဆေးဘူးသွားယူပေး''

"ဟုတ် ပါပါး ''

ပါပါးကစကားပြောသောအခါ ဇွဲဇွဲမှာပျော်လွန်းလို့ မိုးပေါ်ခုန်မိတော့မတတ်။
လက်ကတူကိုချပြီးအပေါ်ထပ်ကိုပြေးတက်လိုက်တာများ လစ်ခနဲ။

ပါပါးတွင် လူတစ်ယောက်ကို စိတ်ပျက်သွားရင် ယောင်လို့တောင်လှည့်မကြည့်တော့တဲ့အကျင့်တစ်ခုရှိသည်။

ဒါ့ကြောင့် မပြောမဆိုနဲ့ပါပါးကြောင့် ဇွဲဇွဲ
မျက်ရည်ဝဲမိ၏။ ယခုလို ရုတ်တရက် စကားစလာပြန်လည်း ဇွဲသက်တန့် မှာ
ပျော်လို့မဆုံး ။

Daddy တို့အိပ်ခန်းထဲရောက်သည်နှင့်
ကုတင်ဘေးက စားပွဲတွင်တင်ထားသော
အားဆေးဘူးကို ကောက်ယူလိုက်သည်။

အောက်ထပ်ဆီပြန်၍ပြေးဆင်းလာချိန်
ပါပါးနဲ့ Daddy က စကားစမြည်ပြောရင်းရီမောလေ၏။

"ရပြီ ပါပါး''

"အင်း သားကထမင်းစားဦး''

"ဟုတ် ပါပါး''

ထိုင်ခုံပေါ်နေရာပြန်ယူပြီးမနက်စာဆက်စားသည့်အခါ Daddy က ဇွဲဇွဲ ကို ပြုံးပြ၏။ လူတစ်ယောက်ကိုအရိပ်အကဲကြည့်ရုံနှင့်ဆုံးဖြတ်တတ်သည့် Daddy က
ဇွဲဇွဲ ဝမ်းနည်းနေတာကို သိနှင့်လေသည်။

Never Ending ( Complete) Where stories live. Discover now