s(17)

2.7K 210 1
                                    

17

Unicode

ကျောင်းဝင်းထဲအော်သံတချို့ရော
ရယ်သံတချို့ပါညံနေခဲ့သည်။

ကျောင်းအုပ်ခင်ပွန်းနှင့်မြန်မာကလာတဲ့သားဖြစ်သူတို့ကြောင့်ဖြစ်ချေသည်။

ကျောင်းအုပ်ခင်ပွန်းက တုတ်ကိုင်ပြီး
သားဖြစ်သူကိုလိုက်ရာ သားဖြစ်သူကလည်း သဲကြီးမဲကြီးပြေးနေ၏။

မိလျှင်အမှန်တကယ်ရိုက်မည့်ပုံပေါ်နေသောပါပါးကြောင့် ဇွဲသက်တန့် မှာ မရပ်မနားပြေးနေရသည်။

ပါပါးကလူကောင်သေးသလောက်စိတ်ကြီးပြီးအပြေးလည်းပြန်၏။

ကမ္ဘာ့အပြေးပြိုင်ပွဲတောင်ဝင်ပြင်လို့ရသည့်အနေအထားမို့ ပါပါးလိုက်မမီအောင်
ပြေးဖို့က ဇွဲသက်တန့် အတွက်ခဲယဥ်းလွန်းသည်။

ကျောင်းသားတွေကား သဘောတကျနဲ့
ကြည့်ပြီးရယ်မောနေကြသည်။

ပါပါးက တုတ်ကြီးတယမ်းယမ်းနဲ့မို့
ဇွဲဇွဲကြောက်လှပါသည်။

Daddyမရှိသလို နောင်ကလည်းဒီညလာမယ်ပြောထားကာမှ ကျောင်းထဲရှိမနေပြန်။

ကွင်းထဲဝင်ရင်းပတ်ပြေးတော့ ပါပါးတုတ်နဲ့အရိုက်ခံရတော့မတတ်။ သို့ကြောင့်
ဇွဲသက်တန့်အော်သံကသုံးဆပိုကျယ်လာတော့၏။

"ပါပါးနော်! သားကိုရိုက်ရဲရိုက်ကြည့်!''

"မရဲစရာဘာအကြောင်းမှမရှိဘူး!
သေနာကောင်လေး! ဒင်းကိုပြားနေအောင်ရိုက်သတ်ပစ်မယ်''

"သားကလေးမဟုတ်တော့ဘူးနော်ပါပါး
ကလေးတွေကြည့်နေတာကိုသားကို
အရှက််မခွဲနဲ့!''

"သွားစမ်းပါ ဒင်းကဘယ်ကရှက်ကြောသွားရလာတာလဲ! ပြေးသာပြေးစမ်းပါ
မိလို့က အရေခွံခွာပစ်မယ်မှတ်!''

စကားအဆုံး တုတ်ကိုရမ်းသန်းပြီးမြင်ရာပိတ်ရိုက်တဲ့ပါပါးကြောင့် ဇွဲသက်တန့် တင်ပါးတစ်ဖက်အနည်းငယ်ထိသွားလေသည်။ မနာပါသော်လည်းလန့်ဖျပ်သွားတာကြောင့် ဇွဲသက်တန့် တစ်ချက်ထခုန်ရင်း ကျောင်းအနောက်ဘက်ကိုကွေ့ပြေးလိုက်သည်။

"အား! သားစိတ်ဆိုးလာပြီနော် ပါပါး!''

"စောက်ပေါက်ပိတ်ပြီးပြေးစမ်းပါ မိလို့က လွယ်မယ်ထင်လား!!''

Never Ending ( Complete) Where stories live. Discover now