Part29

5.9K 547 43
                                    

Part 29
.
"လွယ်တာကိုခက်အောင်မလုပ်ချင်စမ်းပါနဲ့
ဇွဲသက်တန့် ကိုသာရှင်းပစ်လိုက်ရင်
အားလုံးကအရင်တိုင်းပြန်အဆင်ပြေပြီ''

"မဟုတ်ဘူး ငါ့သားကသူ့ကိုအရမ်းချစ်တာ ငါလည်းငါ့သားကိုအရမ်းချစ်တယ်
အဲ့ဒါကြောင့် ငါ့သားချစ်တဲ့သူကိုငါပြည့်
ပြည့်ဝဝကာကွယ်ရမယ်''

"ဟာ ဒီလောက်ပြောနေတာကိုကွာ မင်းတို့သားအဖနှစ်ယောက်က အဲ့ဒီဘာမှမဟုတ်တဲ့ကောင်လေးကိုဆက်ပြီးကာကွယ်ရင်
မင်းတို့ဘဝ ရေစုန်မျောကုန်မှာနော် မင်းတို့ကိုဘာမှမဖြစ်စေချင်လို့ပြောတာပါကွာ''

ဘောစေးနောင် ပါးနှင့်တစ်ဖက်လူကြီးတွေတွေ့ဆုံဆွေးနွေးခြင်းပင်။ အကယ်၍ တိုင်စာက ဘောစေးနောင်ပါး လက်ထဲအရင်ရောက်ရင် ကိစ္စကရှုပ်ထွေးသွားမှာမဟုတ်။ ဒေသခံတစ်ယောက်က နောင်နဲ့
ဇွဲသက်တန့် ၏သူငယ်ချင်းထက်ပိုသော
ပုံရိပ်တွေကိုဖမ်းယူရိုက်ကူးထားပြီး
အထက်လူကြီးတွေထံပို့ခဲ့ခြင်းဖြစ်ပေသည်။

လူတစ်ယောက်မှာချစ်တဲ့သူရှိသလိုမုန်းတဲ့သူလည်းရှိတာကြောင့် မုန်းလို့ပဲတမင်သက်သက်လုပ်တာလား
ဤအရပ်ဤဒေသမှာဒါမျိုးတွေမရှိသင့်ဟုထင်လို့ပဲ လူကြီးတွေကိုတိုင်ခဲ့တာလား
တိုင်ခဲ့တဲ့သူကိုတော့မသိပေမယ့် စိတ်မဆိုးမိပါလေ။ သို့ပေမယ့် အဖေအရင်းဖြစ်တဲ့သူ့လို​အရာရှိကြီးကို အရင်တိုင်သင့်သည်။

ယခုတော့ သားနောင်က အချုပ်ထဲရောက်နေပြီး အဖေကိုယ်တိုင်က သားချစ်တဲ့သူကိုမထိဖို့ လူကြီးချင်းညှိနေရသည်။
နောင် ပါး၏ရာထူးကြောင့် ကျန်လူတွေကတင်းချင်ရင်တောင်ထိန်းကာပြေပြေလည်လည်ညှိကြသည်။
တစ်ဖက်လူကြီးတွေက ဇွဲသက်တန့် ကိုတိတ်တဆိတ် ရှင်းပစ်ဖို့ပဲအဓိကထားပြောသည်။ သူတို့က နောင်လိုလူတော်ကို
လုံးဝအဆုံးရှုံးမခံနိုင်သောကြောင့်ပင်။
နောင် ပါးကလည်း ပြတ်ပြတ်သားသား ငြင်းပယ်သည်။ ဇွဲသက်တန့် က သားရဲ့ပျော်ရွှင်မှုမို့ သူမရရအောင် ကာကွယ်မှာပဲ။

"ဒါဆိုရင်ဆက်ပြီးချုပ်ထားဖို့ပဲရှိတာပေါ့''

နှစ်နာရီနီးပါးညှိနှိုင်းမှု၏အဆုံးသတ်ကား
နောင်ကိုဆက်ပြီးချုပ်ထားဖို့သာ​ဖြစ်သည်။
လူမရှိသူမရှိ တိတ်ဆိတ်ခြောက်ကပ်လွန်းပြီးအလင်းရောင်မှိန်မှိန်လေးသာရှိသော
ဂူကဲ့သို့သော အကျဥ်းထောင်တွင် နေစေသည်။ ဒီကိစ္စနှင့်ပတ်သက်လို့ဆင်ခြင်နိုင်အောင် မဖြစ်သင့်တာဆက်ပြီးမဖြစ်ရအောင် နောင်အားပြန်လှည်သုံးသပ်ခိုင်းခြင်းဖြစ်ပေသည်။

Never Ending ( Complete) Where stories live. Discover now