Part8

8.5K 614 36
                                    

Part 8

Unicode & Zawgyi
.
.
.
ယနေ့ မနက်အစောပိုင်း၌ စခန်းအနီးရှိရွာကရွာသူကြီးသည်ဘောစေးနောင်၏စခန်းကို လောလောနဲ့ရောက်လို့လာသည်။

မနေ့က မြို့စျေးထဲဖြစ်ပွားခဲ့သောကိစ္စသည် နယ်တစ်ခွင်လုံး တဟုန်းဟုန်းကျော်
သွားလျှက်ရှိသည်။

ရွာသူကြီးကထိုအကြောင်းတွေကို
ဘောစေးနောင် ထံလာ၍အကြောင်းကြားခြင်းဖြစ်ပြီး မြို့ထဲခဏဆင်းပေးဖို့ကိုလည်း တောင်းဆိုလာသည်။

ဇွဲသက်တန့် မနိုးသေးတော့
ဘောစေးနောင် ၊ တာပေါနှင့်လင်းကစ်သုံးယောက်သာ တစ်ယောက်ကိုတစ်ယောက်
မသိသလိုကြည့်လေသည်။

မိမိတို့ဖြစ်​ကြောင်းကိုဘယ်သူမှမသိတာကြောင့် အလွန့်အလွန်ကောင်းပါပေသည်။

"ဒါဖြင့် ဘယ်သူတွေလဲစျေးကိုဆူညံအောင်လုပ်တာ''

ဘောစေးနောင် ၏မေးခွန်းကြောင့်
ရွာသူကြီးက ခဏငြိမ်သက်ပြီးခေါင်းယမ်းသည်။

"စျေးကလူတွေပြောတာတော့ လူမိုက်လိုလိုဘာလိုလိုကလေကချေကောင်တွေတဲ့ဗျ''

ရွာသူကြီးကမသေချာမရေရာနဲ့ပြောတော့
ဘောစေးနောင်က ခေါင်းဆတ်ဆတ်ညိတ်သည်။

"ဘာတွေပါသွားလဲ ပြဿနာကြီးကြီးမားမားရောဖြစ်သေးလား''

ဘောစေးနောင်ကထပ်မေးသည်။
ဒီတစ်ခေါက်မှာလည်း ရွာသူကြီးခေါင်းယမ်းပြန်သည်။

"ဆိုင်ကလူနှစ်ယောက်ရဲ့အိတ်ကိုလုသွားတယ်တဲ့ ပြီးတော့ စျေးတန်းကိုရှုပ်ပွအောင်လုပ်တယ် နောက်ပြီးကြားမိတာတစ်ခုက ''

"ဘာတဲ့လဲ''

ရွာသူကြီးက ပြောသင့်မပြောသောချင့်ချိန်နေတော့ ဘောစေးနောင်စကားထောက်ပေးလိုက်သည်။

ဒါမှ ရွာသူကြီးကဆက်ပြောသည်။

"ဟိုဘက်အဖွဲ့ကဗိုလ်တစ်ယောက်ရဲ့အိတ်ကိုလုသွားတာတဲ့''

ထိုအခါ ဘောစေးနောင်က ခေါင်းညိတ်ပြီး
မသိဟန်သက်ပြင်းချသည်။

"ခုခေတ်လူငယ်တွေများဓားမကြောက်သေနတ်မကြောက်နဲ့ဆိုးလွန်းတယ်''

Never Ending ( Complete) Where stories live. Discover now