s3(14)

2.8K 201 7
                                    

14

Unicode
.
.
TLK ကျောင်းဝန်းထဲ ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်လေပြီ။ အဘယ်ကြောင့်ဆို
လုံခြုံရေးတပ်ဖွဲ့ဝင်တွေစောင့်ကြည့်မှုကြားက Jay ထွက်ပြေးလွတ်မြောက်သွားခြင်းကြောင့်ဖြစ်သည်။

သူ့အစ်ကိုဝမ်းကွဲဖြစ်သူ Lucas အားမေးမြန်းတော့ Lucas က သက်ပြင်းချနေသည်။

"သူကအရမ်းအလိုလိုက်ခံရတဲ့ကလေး
မလို့ အရမ်းလည်းဆိုးတယ် အဖမ်းခံလိုက်ရင်ပြစ်ဒဏ်လျော့ပေါ့သွားမှာသူသိတယ်ဒါပေမဲ့ သူကမာနကြီးတယ် လွယ်လွယ်နဲ့အရှုံးပေးမှာမဟုတ်ဘူး ကျွန်တော်သူ့ကိုဖျောင်းဖျပါသေးတယ် မရပါဘူး သူထွက်ပြေးသွားတယ်''

"ဘယ်အချိန်ကတည်းကလဲ သူထွက်ပြေးသွားတာ''

"မနက်သုံးနာရီ သူ့ဂိုဏ်းဝင်စီးခံရတဲ့အချိန်က သူ Lordဆီသွားလောက်တယ် သူက
သူမကျေနပ်တဲ့လူကို မသေမချင်းလက် တုံ့ပြန်ရမှကျေနပ်တတ်တယ်''

Lucas ဆီက အကြောင်းစုံကြားပြီးသည့်အခါ နောင် သူ့ခါးပတ်ကြားလျှိုထားသည့်
Pistol သေနတ်အား ထုတ်ကာ မောင်း
အသင့်ဆွဲတင်ထားလိုက်သည်။

ချက်ချင်းဆေးရုံပြန်ဖို့ခြေလှမ်းပြန်လှည့်နေစဥ် Lucas က သူ့ရှေ့ပိတ်ရပ်လာသည်။

"သူ့ကိုမသတ်ပါနဲ့ဆရာ သူကလမ်းမှားနေရုံသက်သက်ပါ သူ့ကိုသေချာသာဂရုစိုက်ပေးခဲ့ရင် သူဒီလိုဆိုးသွမ်းမှာမဟုတ်ပါဘူး''

"ငါကတိမပေးနိုင်ဘူးLucas သူ့ငါ့ညီကို
ဆိုးဆိုးဝါးဝါးသေစေဖို့ကြံစည်ခဲ့တာ
ငါ့ညီကိုသတ်ဖို့လုပ်နေတဲ့မြင်ကွင်းကို
ငါကိုယ်တိိုင်မြင်တွေ့သွားခဲ့တဲ့အချိန် ငါ့မှာသနားကြင်နာမှုတွေမရှိတော့ဘူး ဒါကသူ့လုပ်ရပ်ရဲ့တန်ပြန်သက်ရောက်မှုပဲမဟုတ်လား''

Lucas မျက်နှာပျက်သွားကာ ဒူးထောက်ရက်သားသူထိုင်ချမိတော့သည်။ ထွက်သွားတဲ့ဆရာနောင်နဲ့ သူ့ချစ်သူဇွဲသက်တန့်တို့ရဲ့မျက်ဝန်းအိမ်ထဲ Jayအပေါ် တင်းမာမှုတွေပြည့်လျှမ်းနေ၏။

သို့ကြောင့် Jayအတွက် သူဘာမှမမျှော်
လင့်ရဲတော့ချေ။ အစ်ကိုဝမ်းကွဲဖြစ်နေသော်လည်း Jayမှာအမှောင်ဂိုဏ်းရှိနေမှန်း
သူမသိခဲ့ပါ။

Never Ending ( Complete) Where stories live. Discover now