Part28

6.2K 533 25
                                    

Part 28
.
"What do you want Chally? "

Zeed Bangkok ကို ပြန်ရောက်သည့်ည၌ပင် Chally နဲ့ ကလပ်တစ်ခုမှာချိန်းပြီးတွေ့ဆုံခြင်းဖြစ်သည်။

Zeedက မျက်မှောင်ကြုတ်၍ပြင်းရှခက်ထန်သောအကြည့်တွေနဲ့ Chally ကိုကြည့်နေလေသည်။

ခုံပေါ်ခြေတစ်ဖက်ချိန်၍ထိုင်နေသော
Chally က လက်နှစ်လုံးကြားက ဆေးလိပ်ကို စိမ်ပြေနပြေဖွာကာ Zeedဒေါသကိုပိုဆွနေသည်။
Chally က Australia နှင့် Thai စပ်ထားတာကြောင့် အသားအတော်ဖြူသည်။ မျက်နှာက V shape ဖြစ်ပြီး မျက်လုံးက
Dark brown အရောင်ဖြစ်သည်။
ယောက်ျားလေးဆိုပေမယ့် တင်အထိဖြာကျသော အနက်ရောင်ဆံပင်ရှည်တို့ရှိသည်။ အနက်ရောင်အနောက်တိုင်းဝတ်စုံနဲ့
Chally က အညိုရောင် ကုတ်အရှည်နဲ့
Zeedကို မထိတထိ ကြည့်နေသည် ။

Zeedအနောက်တွင် Soloရပ်နေပြီး Chally အနောက်မှာတော့ သူ့ကိုယ်ရံတော်တစ်ယောက်ရပ်နေလေသည်။

"ညီလေးကိုပြန်တွေ့သွားပြီဆို''

"မင်းစောက်လုပ်မပါဘူး''

Chally ဟက်ခနဲ ရယ်ပြီးလက်ထဲကဆေးလိပ်ကိုပြာခွက်ထဲထိုးချလိုက်သည်။

"သေချာတာပေါ့ ငါ့စောက်လုပ်မပါဘူး
အင်း မရင့်ကျက်ခင်တုန်းက မင်းပိုင်ဆိုင်သမျှအားလုံးကိုဖျက်ဆီးပစ်ချင်ခဲ့တာ
အခုတော့..''

Chally ကစကားကို တစ်ဝက်တစ်ပျက်နဲ့ရပ်လိုက်ပြီး ခုံပေါ်ထိုင်နေရာက ငေါ့ခနဲမတ်တတ်ရပ်လိုက်သည်။ နောက် Zeedရှေ့ကိုတစ်လှမ်းစီ ဖြည်းညင်းစွာ လှမ်းလေသည်။ Chally ခြေလှမ်းတိုင်းကို
Zeedကမျက်မှောင်ကြုတ်၍သတိရှိရှိ
ကြည့်နေလေသည်။သူ့အနားChally
ရောက်လာသောအခါZeedငေါ့ခနဲထရပ်ပြီး Chally ရှေ့ပိတ်ရပ်လိုက်သည်။

"မင်းဒါဘာလုပ်တာလဲ Chally ''

Chally ခြေတစ်လှမ်းက သူ့ကိုကျော်ပြီး
အနောက်တွင်ရပ်နေသောSoloဆီရောက်သွားတာကြောင့် Zeedတားလိုက်ခြင်းဖြစ်သည်။

Soloဆီကအကြည့်မခွာသော Chally ရှေ့ပိတ်ရပ်ပြီး Zeedသည် Soloလက်တစ်ဖက်ကိုဆွဲပြီး သူ့အနောက်နေစေလိုက်တော့သည်။

စလာကတည်းက Chally ရဲ့အကြည့်တွေ
Soloဆီမှာသာရှိနေတာ Zeed တပ်အပ်သိ၏။

Never Ending ( Complete) Where stories live. Discover now