Part 22
.
တစ်ကိုယ်လုံးနာကျင်ကိုက်ခဲ့မှုအပြည့်နဲ့
နှိုးထလာသောသူ။မှောင်မည်းလွန်းသောပတ်ဝန်းကျင်
ကြောင့် ဘယ်အချိန်ရှိလို့ရှိမှန်းမသိရချေ။ထင်းမီးအရောင်သေးသေးကိုမြင်လိုက်မှသာ အိပ်မပျော်ခင်က အဖြစ်ပျက်တွေကို
ရုတ်ချည်း ပြန်မှတ်မိသွားရသည်။ရှက်လာသလိုလိုနဲ့မျက်နှာကပူလာပေမယ့်
အပြုံးတို့ဝေဆာနေသောမျက်နှာလေးက
ကျေနပ်ကြောင်းကိုသက်သေထူပေး၏။သိပ်ချစ်တဲ့သူနှင့် အချိန်ကုန်ဆုံးခွင့်ရခြင်းမို့သူတကယ်ကိုပဲကျေနပ်ခဲ့ပါသည်။
သို့သော် နိုးလာချိန် အေးစက်နေသောနံဘေးက အိပ်ရာကြောင့် စိတ်ကအလို
မကျမိချေ ။ထမည်အပြု ကိုယ်ပေါ်ကစောင်ကိုဖယ်လိုက်သည့်အခါ သူထပ်ပြီး ပြုံးသွားရပြန်သည်။
နောင် က သူ့ကို အဝတ်အစားတွေအကုန်
သေချာပြန်ဝတ်ပေးထားခြင်းပင်ဖြစ်၏။"နိုးပြီလား''
အားတင်း၍ကုန်းထနေစဥ် ရုတ်တရက် ထွက်ပေါ်လာသောအသံကြောင့်
ဇွဲသက်တန့် က လျင်မြန်စွာ ပင် စောင်ပြန်ခြုံပြီး ကွေးသွား၏။"နိုးသေးဘူး''
ကလေးတစ်ယောက်ကျီကျသလိုသူ့အပြောကို နောင် က ဟက်ခနဲ ရယ်သည်။
ဂူအထဲပြန်ဝင်လာသည့်နောင်က လက်ထဲတွင် အမွေးတွေကုန်စင်အောင်နှုတ်ထားသော ကြက်ဖကြီးတစ်ကောင်နှင့် အရက်တစ်ပုလင်းပါလေ၏။
ဇွဲသက်တန့် က ဒါကိုတွေ့သည့်အခါ
ကျေနပ်စွာ ပြုံးဖြီးလျက်။သို့ပေမယ့် ဇွဲသက်တန့်သည် အိပ်ရာက
မထသေးဘဲဘောစေးနောင် လက်အား
မည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်နေလေသည်။ဘောစေးနောင်သည်လည်း အလိုက်သိ၏။
ကြက်အားမြန်မြန်ကင်ထားပြီးသည်နှင့် လက်ကို သေချာသုတ်ပြီး ဇွဲသက်တန့် အနားဝင်ထိုင်လာသည်။
"ဘာလုပ်ပေးရမလဲ ထူရမလား''
ဇွဲသက်တန့် ခေါင်းယမ်းတော့
ဘောစေးနောင် က ယဲ့ယဲ့ပြုံးသည်။
ဘောင်းဘီတစ်ထည်သာဝတ်ထားသည့်နောင်က အပေါ်ပိုင်းဗလာနဲ့ဖြစ်သည်။
YOU ARE READING
Never Ending ( Complete)