Part 24

6.5K 490 18
                                    

Part 24
.
"မှတ်ပြီလား ငရဲစာတွေ''

နေ့ခင်းက ဇွဲသက်တန့်နှင့်လင်းကစ်ကိုရန်ရှာခဲ့သည့် စတိုးဆိုင်ပိုင်ရှင်ကြီးနှင့်
သူ့အပေါင်းအသင်းများ
အုပ်ချုပ်ရေးမှူးကိုပါမချန် အားလုံးကို
ဘောစေးနောင် ကဖမ်းချုပ်ပြီး လူမမြင်သည့်နေရာ၌ ရှင်းပစ်လိုက်လေသည်။

ဒါ့အပြင် သူတို့တွေရဲ့ပိုင်ဆိုင်မှုတွေ
မြေနေရာတွေအားလုံးသည်လည်း
ပြာကျခဲ့ရသည်။

ဒေသတစ်ခုလုံးကိုပြာဖြစ်အောင်လုပ်မယ်ဆိုပြီးဇွဲသက်တန့်က ကျုံးဝါးခဲ့ပေမယ့်
တကယ်တမ်းမှာ သူနဲ့လင်းကစ်ကိုရန်လုပ်တဲ့သူတွေကိုသာ ပြာဖြစ်အောင်လုပ်လေသည်။

ဖုန်းဆက်လိုက်သည်နှင့်ဘောစေးနောင်က
နှစ်နာရီနီးပါးလာရသောခရီးကို တစ်နာရီ
နှင့်ရောက်အောင်လာသည်။

ဘောစေးနောင် ရောက်မလာခင် မြို့ထဲတွင်ရှိနေသည့် ဘောစေးနောင်ရဲ့အသိမိတ်ဆွေတစ်ချို့က ဇွဲသက်တန့် နဲ့လင်းကစ်အတွက်လုံခြုံရေးယူပေးခဲ့သည်။

ဒါ့ကြောင့် ဇွဲသက်တန့်နှင့်လင်းကစ်မှာ
ဘာဒဏ်ရာအသစ်မှထပ်မရတော့ချေ။

ဘောစေးနောင် ရောက်လာလို့ ကိစ္စတွေပြီးသည့်အခါ ညနေ လေးနာရီနီးပါးရှိချေပြီ။

"နောင် လင်းကစ်ကိုအရင်ပြန်ခိုင်းလိုက်ဦး''

"အင်း''

သူကပြောသည့်အခါ ဘောစေးနောင်က
ချက်ချင်းလင်းကစ်ကိုသူလာတုန်းက ပါလာသည့်ကားသုံးစီးမှ ကားတစ်စီးထဲ
ထည့်ပေးလိုက်၏။

"လင်းကစ် ဟိုရောက်ရင် ဆေးလိမ်းနှင့်
ဆေးတိုက်ရင်လည်းသောက်ဦး''

"ဟုတ် ခေါင်းဆောင်''

ကားမထွက်ခင်လင်းကစ်ကိုသူအမှာစကားခြွေခြင်း။ လင်းကစ်က ခေါင်းညိတ်သည့်အခါ သူပြုံးပြီး ခေါင်းကိုတစ်ချက်ဖွလိုက်၏။

အရေးပေးဆက်ဆံခံရတာထက်
နှိမ့်ချပြီးဆက်ဆံခံရတာကိုပိုကြိုက်သည့်
လင်းကစ်ကြောင့် သူ့မှာ စိုးရိမ်တာတောင်
မသိမသာစိုးရိမ်နေရသည့်အဖြစ်။

မွေးစားညီလေးမို့တစ်ခါတစ်ရံ နွေးနွေးထွေးထွေး ထွေးဖက်ပေးထားချင်မိသည်။

Never Ending ( Complete) Where stories live. Discover now