Part 33
.
Melbourne, Australiaရောက်တည်းကစမိုးချုပ်သွားသည်အထိ
အကုန်တွေအတော်ကုန်ဆုံးခဲ့ပေမယ့် Solo လွတ်မြောက်ဖို့အတွက်ဘာကြိုးပမ်းမှုမှမလုပ်ရသေးချေ။ ဘာမှမရှိတဲ့အခန်းထဲ
သူဘာမှလုပ်၍မရချေ။ ထွက်ပြေးဖို့ဘာပြတင်းပေါက်မှမရှိ အကူညီတောင်းဖို့ဆက်စရာဖုန်းတို့ဘာတို့ဆိုတာကလည်း
ယောင်လို့တောင်မမြင်ရပင်။Boss သူ့ကိုရှာလိမ့်မယ်ဆိုတာသိပေမယ့်
သူနေတဲ့နေရာကို Bossအားအမြန်သိစေချင်သည်။ Chally ဘာမှမလုပ်သော်လည်း
Soloဒီမှာလုံးဝမပျော်သလိုနေလည်းမနေနိုင်။ မမရဲ့အခြေနေကိုလည်းအမြန်သိချင်လှပြီ။ စကားပြောဖော်ဆိုလို့ယင်ကောင်လေးတစ်ကောင်တောင်ရှာမတွေ့တဲ့အခန်းထဲကလည်း သူအမြန်ထွက်ချင်လှပြီ။"ပျင်းနေပြီလား အချစ်ကလေး''
အခန်းထဲသို့ခြေတစ်လှမ်းချင်းလှမ်းလာသော Chally ကို Solo အကြည့်လွဲပေးလိုက်သည်။ လှုပ်ရှားချင်ပေမယ့်အခုနေသူလှုပ်ရှားလိုက်ရင် သူပဲမှားလိမ့်မည်။ စိတ်ရှည်မှအောင်မြင်မည်ဆိုတဲ့စကားအတိုင်း သူ့မှာစိတ်ကိုရှည်ထားနေရသည်။
"တစ်ယောက်ထဲပစ်ထားလို့ကိုယ့်ကိုစိတ်ကောက်နေတာတော့မဟုတ်ပါဘူးနော်''
မမြင်ချင်လို့အကြည့်လွဲထားတာကာမှ
ကိုယ့်အဖြစ်က သူ့ကိုပြုံးစေသွားပြန်ပြီ။
Soloမျက်မှောင်ကြုတ်လို့ သူ့ရှေ့ကဆိုဖာတွင်ခြေတစ်ဖက်ချိတ်ကာ ထိုင်နေသော
Chally ကို ပြန်စိုက်ကြည့်ရာမှ Chally ရင်ဘတ်က tattoo ကြောင့် သူမှင်သေသွားသည်။ Chally ကရှပ်အဖြူကိုကြယ်သီးသုံးလုံးဖြုတ်ထားတော့ ရင်ဘတ်က ဟလျက်သားဖြစ်နေပေသည်။မနက်ကသူညစ်ပတ်တယ်ထင်တဲ့ tattoo ကား သူရဲ့ပုံပဲ။ Chally ဘယ်တုန်းကထိုးတားမှန်းမသိပေမယ့် Soloဒါကိုမြင်သွားချိန်မှာတော့ စိတ်အစုံတို့လေးသွားတော့သည်။ Chally က အတော်ကိုအစွမ်းအလမ်းကြီးတဲ့သူပဲ။ တတ်နိုင်သလောက်
သူဝေးဝေးရှောင်ခဲ့ပေမယ့် Chally က သူ့ကိုလုံးဝအလျှော့မပေးခဲ့ချေ။အနက်ရောင်ဘောင်းဘီနှင့်အဖြူရောင်လက်ရှည်ရှပ် ၊ ပြီးသည့်အခါ ဖားလျားချထားပြန်သော ဆံပင်ရှည်တွေ။ Chally ပုံစံက မြင်ဖူးနေကျပုံစံတွေမဟုတ်တော့
Soloအမြင်တွင်ရှုပ်သလိုပဲခံစားနေရသည်။ဘယ်ဘက်လက်နှစ်လုံးကြားတွင်မီးမညှိရသေးသောဆေးပေါ့လိပ်ကို ညှပ်ထားရင်းSoloကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည့် Chally က ကျေနပ်မှုတို့နှင့်ပြုံး၍ရှိနေလေသည်။
YOU ARE READING
Never Ending ( Complete)