Part 13

7K 554 8
                                    

Part 13

Unicode & Zawgyi
.
.
.
"တောင်းပန်ပါတယ် ခေါင်းဆောင်''

သိန်းထိုက်၏အား အကိုးရဆုံး
တပည့်၏စကားသံ။

မင်္ဂလာပွဲကလုပ်ကြံမှုနဲ့ပတ်သက်လို့
တစ်ဖက်လူတွေရဲ့ခြေရာကိုရှာခိုင်းခဲ့ခြင်း။

သို့သော် ခြေရာမပြောနှင့် အရိပ်သေးသေးတောင်ရှာလို့မတွေ့ချေ။

တစ်ဖက်က တမင်သက်သက် အကွက်ချပြီး စီစဥ်ခဲ့တာကြောင့် သိန်းထိုက်ဘယ်လောက်ပင်ကြိုးစားကြိုးစား အချည်းနှီးသာ။

စီးကရက်အားတစ်ချက်ဖွာရင်းအငြိုးတရားများစွာကိန်းအောင်းလျက်ရှိသော သက်ပြင်းအားချလေသည်။

သားဖြစ်သူအတွက် လက်တုံ့ပြန်ခွင့်မရ
မချင်း သူဘယ်တော့မှ အရှုံးပေးမည်မဟုတ်ချေ။

ရန်သူကို သေချာမသိသော်လည်း
သူ့လုပ်ငန်းတွေကိုအမြဲဝင်နှောင့်ယှက်
သည့် ဘောစေးနောင်ဖြစ်မယ်မှန်းသူသိသည်။

ဘောစေးနောင်ကို သူတစ်ခါမှမမြင်ဖူးပေမယ့် နာမည်က ကြီးနေတော့ သူပါ သတိထားနေရသည့် လူ။

အထပ်ထပ်အခါခါ သတိထားသော်လည်း
အထပ်ထပ်အခါခါ ရှုံးသွားစမြဲ။

ဘောစေးနောင်ကိုမြင်ဖူးရအောင် သိမ်းငှက်တွေ များစွာကို သူ လွှတ်ခဲ့ဖူးသည်။

သို့သော် တစ်ကောင်မှပြန်မလာသည့်အပြင် သူ့ဘက်ကသာ ပိုပိုပြီးအထိနာသွားသည်။

"သတို့သမီးဟန်ဆောင်ထားတဲ့ကောင်ကို
ထပ်စုံစမ်းပေး''

လူတွေရဲ့တစ်ယောက်တစ်ပေါက်ပြောသံအရ သတို့သမီးဟာ အလွန်အသားဖြူနေသည်။

ဒါ့ကြောင့် သေချာတာတစ်ခုက သတို့သမီး ဟန်ဆောင်သူဟာ ဤနယ်ပယ်တစ်ဝိုက်တွင် မွေးဖွားသူမဖြစ်နိုင်။

အရင်သိမ်းငှက်တစ်ကောင်၏မသေချာ
မရေရာသော သတင်းပါးချက်တွင်
ဘောစေးနောင် ဘယ်သွားသွား မြို့သားတစ်ယောက်ပါတတ်သည်ဆို၏။

ထိုသိမ်းငှက်သည်လည်းသူနဲ့ဆက်သွယ်နေတုန်းပင် နှုတ်ပိတ်ခံလိုက်ရသည်။

Never Ending ( Complete) Tahanan ng mga kuwento. Tumuklas ngayon