Part 32
.
ကုမ္ပဏီကရုံးခန်းတွင်အလုပ်လုပ်နေရင်း
ဇွဲသက်တန့် တစ်စုံတစ်ခုကိုစဥ်းစားနေလိုက်သည်။ လက်ကနာရီကိုမြောက်ကြည့်တော့နေ့လယ်စာစားချိန်ရောက်ဖို့နာရီဝက်လိုသေးသည်။ သူအခုပဲနောင်ဆီကိုပြေးသွားချင်ပေမယ့် ပါပါးမြင်ရင်စိတ်ဆိုးလိမ့်မည်။ ပါပါးက အလုပ်နဲ့ပတ်သက်ရင်
အချိန်တစ်စက္ကန့်လေးကိုဖြုန်းမိရင်တောင်
မကြိုက်တဲ့လူစားမျိုး။ဇွဲသက်တန့်သူရဲ့ကျောက်မျက်ရတနာစုဆောင်းရေးအလုပ်ကို ဘေးဖယ်ပြီး Daddyအလုပ်ထဲပြန်ဝင်လာခြင်းဖြစ်သည်။
နောင်ရှိနေလို့သူဝင်လာတာဆိုပိုမှန်လိမ့်မည်။နောက် နာရီဝက်လောက်အလုပ်ဆက်လုပ်ပြီး နေ့လယ်စာစားချိန်ရောက်သွားတော့
ဇွဲသက်တန့် ဖိုင်တွေမြန်မြန်သိမ်းပြီး
နောင်ရှိတဲ့အခန်းဆီကို တစ်ချိုးတည်း ပြေးသွားတော့သည်။ အခန်းထဲရောက်သည့်အခါ အလုပ်လုပ်နေတုန်းဖြစ်တဲ့နောင်ကသူ့ကိုတစ်ချက်မော့ကြည့်လာပြီးပြုံးပြသွားလာသည်။ ဇွဲသက်တန့် စုပ်တစ်ချက်သပ်၍ နောင်လက်ထဲကဖိုင်တွေကိုဆွဲယူလိုက်သည်။"နောင် မင်းဘယ်တုန်းကစီးပွားရေးဘွဲ့ရထားတာလဲငါ့ကိုပြောပြ''
အနားကိုလောလောနဲ့ဝင်ထိုင်ကတည်းကဒါမေးဖို့လောနေမှန်း နောင် ကြိုသိနေတော့ ဇွဲသက်တန့် ကို ပြုံးပြီးတော့သာ
ကြည့်နေလိုက်သည်။ မနက်တုန်းက
သူ့Daddyတို့နဲ့အတူမနက်စာစားရင်းဒီအကြောင်းကိုပြောဖြစ်ခဲ့ကြသည်။
ဇွဲသက်တန့် Daddyက နောင်ကုမ္ပဏီတွင်အလုပ်သင်ဝင်နေတဲ့အပေါ် ဝေဖန်အကဲဖြတ်ပေးရာကနေစသည်။ နောင်အရည်အချင်းကိုချီးကျူးရာက ပညာရေးအကြောင်းမေးလာတဲ့ ဇွဲသက်တန့် Daddy
ကို နောင် အမှန်အတိုင်းဝန်ခံခဲ့ခြင်းဖြစ်သည်။ ဒီအကြောင်းသူတစ်ခါမှမပြောဘူးတော့ ဇွဲသက်တန့် က သူ့ကိုကြောင်ကြည့်ခဲ့သည်။"ဘယ်တုန်းကလဲလို့''
ဇွဲသက်တန့် စိတ်မရှည်ဖြစ်ကာ နောင်ပေါင်ကိုဆွဲလိမ်ရင်းထပ်မေးသည်။ နောင်ကားသူ့ပေါင်ပေါ်ကဇွဲသက်တန့် ၏လက်ကိုဆုပ်ကိုင်ထားလိုက်သည်။
"စီးပွားရေးဘွဲ့ကိုမရရအောင်ကြိုးစားယူဖို့ပါးကငါ့ကိုတိုက်တွန်းခဲ့တာ တစ်ခုခု
ကြောင့်အဖွဲ့အစည်းကထွက်လိုက်ရရင်သုံးစားလို့ရအောင် အဲ့ဒါကြောင့်ငါကြိုးစားခဲ့တာ အရမ်းပင်ပန်းရတယ် တစ်ဖက်က လက်နက် တစ်ဖက်ကစာ ပြီးတော့ငါကစာနဲ့မတည့်ဘူး ဘွဲ့သာရသွားတယ် ဘာမှမသိလိုက်ဘူး တန်းလန်းကြီး''
YOU ARE READING
Never Ending ( Complete)