s3

4.4K 327 19
                                    

2

Unicode

ကျောင်းဖွင့်ရက်မို့မနက်​ရှစ်နာရီကတည်း
ကနေစတင်လှုပ်ရှားခဲ့ရာ အချိန်တွေကုန်လို့ကုန်သွားမှန်းမသိသလို ဗိုက်​ဆာလို့ဆာ
နေမှန်းမသိတော့တဲ့အထိ ဖြစ်​နေခဲ့ချေ၏။
ကျောင်းဖွင့်ရက်ဖြစ်သော်ငြားလည်း စာသင်ရမည့်ရက်တော့မဟုတ်သေး။
ကျောင်းသားတွေကိုနေရာချပေးရင်း
ကျောင်းရဲ့စည်းမျဥ်းစည်းကမ်းတွေကို
သိရအောင် ဖတ်ပေးရှင်းပြပေးရသောရက်ဖြစ်သည်။

ကျောင်းသားဦးရေက ခန့်မှန်းထားတာထက်ပိုများနေပြီ ဒီတစ်ရက်တည်းမှာပင်အယောက်တစ်ထောင်ကျော်ဝင်လာပြန်၏။ အားလုံးကယောက်ျားလေးတွေချည်းမို့ သူတို့အထုပ်သူတို့ဆွဲရင်း သူတို့ကျသောအဆောင်ကို မငြိုမငြင်သွားလေသည်။ တချို့ကျတော့ မိဘတွေကိုယ်တိုင်လာပို့ပေး၏။ မိဘပါရင် ကျောင်းဘက်ကအလုပ်ပိုရှုပ်နေရသည်။ သူတို့ကလေးတွေက ဘယ်လိုဘယ်ပုံရှိကြောင်း ပြောနေတတ်ပြီး ကျောင်းအုပ်ဘက်က ဝတ်ကျေတန်းကျေနားထောင်ပေးနေရ၏။

မနက်ရှစ်နာရီကစသည့်ကျောင်းသားတွေကိုနေရာချပေးမှုဟာ ညနေလေးနာရီလောက်မှပြီး၏။ စောရောက်တဲ့ကလေးတွေကရေမိုးချိုးပြီးလို့အေးဆေးအနားယူနေလေပြီ။ တချို့ကဆို ground ထဲဆင်းပြီး ကြက်တောင်ရိုက်သူတွေကရိုက် ၊
ဘောလုံးကန်သူတွေကကန်ဖြင့် လွတ်လပ်တဲ့ကလေးသဘာဝအတိုင်းဆော့ကစားနေကြသည်။

ကျောင်းသားတော်တော်များများကဆယ်ကျော်သက်တွေချည်းဖြစ်ပြီး တချို့အသက်မပြည့်သေးတဲ့သူတွေလည်းပါ၏။
သို့သော် အယောက်တစ်ထောင်မှာ အသက်မပြည့်သေးသူတွေက အယောက် ငါးဆယ်ရှိပြီး သူတို့တွေကိုတော့ လက်နက်တွေကိုင်ခွင့်ပေးမှာမဟုတ်ချေ။
ကျောင်းလာတဲ့ကလေးတွေအားလုံးက
ကြိုပြောထားတဲ့စည်းကမ်းနဲ့အညီလာကြလေသည်။ဆံပင်အရောင်ဆိုးထားရင်ကျောင်းကလက်မခံတာကြောင့် ကျောင်းလာတဲ့ကလေးတွေ အားလုံးရဲ့ဆံပင်အရောင်တွေကား အမည်းသာဖြစ်၏။
ဆံပင်ပုံစံကိုလည်း အမြင်ရှင်းအောင်သေချာညှပ်သင်ထားကြသည်။ မတိုမရှည်ဆံပင်တွေကိုဘေးအနည်းငယ်ခွဲပြီးအပေါ်ကိုပြန်လှန်တင်ထားသည့်စတိုင်က ကျောင်းသားတော်တော်များများမှာတွေ့နေရ၏။

Never Ending ( Complete) Where stories live. Discover now