Part 7

8.5K 642 39
                                    

Part 7

Unicode & Zawgyi
.
.
.
အဖွဲ့စည်းရဲ့စည်းမျဉ်းတစ်ခု
အမှုတစ်ခုနိုင်သွားရင်တပ်သားတွေကိုမုန့်ဖိုးဝေဆုချခြင်းသာဖြစ်သည်။

ဘောစေးနောင်နှင့်သူ၏အဖွဲ့သည်
မနေ့က ဘိန်းစိုက်ခင်းတစ်ခုကိုအထိအခိုက်မရှိဘဲ တိုက်ဖျက်နိုင်ခဲ့သည်။

ရိုးရိုးစိုက်ခင်းမဟုတ်ဘဲ ဘိန်းဘုရင်ရဲ့စိုက်ခင်းဖြစ်နေတော့ နယ်ပယ်တစ်ဝိုက်
ပိုလို့တဟုန်းဟုန်းဖြင့်နာမည်ကြီးသွားသည်။

ဘောစေးနောင်နှင့်သူ့တပ်ပွဲဆိုရင် အထက်လူကြီးတွေကအစ အထင်ကြီးလေးစားပြီးသားဖြစ်ပေသည်။

ယနေ့ မနက်နေရောင်ခြည်ဖြာစချိန်၌ ဘောစေးနောင် တို့ဆီအထက်မှပေးပို့လာသည့်မုန့်ဖိုးများရောက်ရှိလို့လာသည်။

သို့အတွက် ဘောစေးနောင် သည် တာပေါအားခေါ်ပြီး တပ်သားတွေကိုဝေဖို့ပိုက်ဆံတွေအကုန်ပေးလိုက်သည်။

မုန့်ဖိုးဆိုသည့်အတိုင်း တပ်သားတွေစိတ်ကြိုက်သုံးသည့်မုန့်ဖိုးဖြစ်ပြီး
စခန်းရဲ့အသုံးစရိတ်တွေအားလုံးကိုတော့ ဘောစေးနောင် ကိုယ်တိုင်အိတ်ထဲကစိုက်သည်။

ဘောစေးနောင်၏ ဘိုးဘွားစဉ်ဆက်သည် ချမ်းသာတဲ့တောသူဋ္ဌေးတွေဖြစ်သည့်အပြင် လယ်ယာမြေများစွာမက ဆင်အကောင်ရေများစွာကိုလည်းပိုင်ဆိုင်သည်။

ဒါ့ကြောင့် ဘောစေးနောင် သည်အထက်ကသူ့အတွက်ဆိုပြီးသီးသန့်ပေးတဲ့မုန့်ဖိုးတွေကိုလုံးဝမယူဘဲ တပ်သားတွေကိုသာ အမြဲဝေပေးသည်။

မနက်စာစားဖို့သင့်တော်သောအချိန်ရောက်သောအခါ ဘောစေးနောင် သည်
ထိုင်နေစဉ်က စားပွဲပေါ်တင်ထားတဲ့သေနတ်တိုတစ်လက်ကိုပြန်ကောက်ယူပြီး
ခါးကြားလျှိုလိုက်သည်။

အခန်းကထွက်လို့တံခါးကိုပြန်ပိတ်ပြီး
ဇွဲသက်တန့် နေသည့်တဲအိမ်ဆီသွားမယ်လုပ်ပေမယ့် ဇွဲသက်တန့် က သူ့ရှေ့အရင်ပြေးလာသည်။

"ဘာဖြစ်တာလဲ''

ပြေးလွှားနေတော့မေးလိုက်ခြင်းဖြစ်သည်။ ထိုအခါ ဇွဲသက်တန့် က ကလေးသဖွယ်လက်ဖြန့်လာသည်။

Never Ending ( Complete) Where stories live. Discover now