Part 18

6K 500 9
                                    

Part 18
.
.
"အားလုံးအဆင်သင့်ပဲလား!''

"ဟုတ်!''

"ရန်သူကိုလျှော့မတွက်နဲ့ ကြားတယ်နော်
ဒီရန်သူတွေကိုအောင်မှ​ဖြစ်မယ်ဆိုတာသိထားပါ ''

"ဟုတ်!''

မနက်မိုးသောက်ချိန် အလင်းရောင်မတိုးသေးသည့်အချိန် လေ့ကျင့်ကွင်း၌
တပ်သားအားလုံးကိုခေါ်စုပြီး
ဘောစေးနောင် က အမိန့်ပေးခြင်းဖြစ်သည်။

သိန်းထိုက်နှင့်သူ့အပေါင်းအသင်းတွေကို
အပြတ်ချေမှုန်းဖို့သာဖြစ်၏။

စီစဥ်ထားတာတဲ့ပိုစောသွားရခြင်းမှာ
သိန်းထိုက် တို့၏ခြေလှမ်းကို သိသွားခြင်းသာဖြစ်သည်။

မနက်တစ်နေ့လုံး သိန်းထိုက်အဖွဲ့သည်နယ်စပ်မှလက်နက်တွေခိုးသယ်လာကြောင်း ပျားကလေးများအဖွဲ့က တေးလာဆိုသွားသည်။

သိန်းထိုက်တို့ဘက်က တိုက်ပွဲဖန်တီးမည့်အကြောင်းအပါအဝင်စခန်းအသစ်ဆောက်ထားကြောင်းကိုတော့ သိမ်းငှက်အဖွဲ့က သတင်းစကားသယ်လာသည်။

သိန်းထိုက်တို့ကိုအပြတ်ချေမှုန်းဖို့အတွက်
သိန်းထိုက်တို့ထက် ခြေတစ်လှမ်းပိုမြန်ရမှဖြစ်မည်။

ဒါ့ကြောင့် ဒီနေ့မနက်မိုးသောက်ကတည်းက စခန်းကိုထွက်သွားကြမှာဖြစ်သည်။

ပါးဆီမှ Sniper သမားဆယ်ယောက်နှင့်
လက်ရည်မြင့်သည့်တပ်သားဆယ်ယောက်
ကို စစ်ကူအဖြစ်ရထားသည်။

ဘောစေးနောင် တပ်ဖွဲ့မှ အယောက်နှစ်ဆယ်ပါပြီး အားလုံးပေါင်း အယောက်
လေးဆယ်တိတိဖြင့် ထွက်ခွာဖို့ရှိသည်။

တပ်သားတွေကို ကားပေါ်နေရာယူကြဖို့ပြောပြီးသည့်အခါ ဘောစေးနောင် သည်
ဇွဲသက်တန့် ၏တဲဆီဦးတည်တော့သည်။

မိုးမလင်းသေးတာကြောင့် ဇွဲသက်တန့်
မနိုးသေးဘူးလို့သာ ဘောစေးနောင် ယုံထားသည်။

သို့သော် တံခါးအားညင်သာစွာတွန်းဖွင့်သည့်အချိန်မှာတော့ ဇွဲသက်တန့် အား အိပ်ရာပေါ်ငုတ်တုတ်ထိုင်နေတာတွေ့ရ၏။

"နောင်''

သူ့အားမြင်မြင်ချင်း အနားကိုပြေးလာတဲ့
ဇွဲသက်တန့်က စိုးရိမ်မှုများစွာနဲ့ပင်။

Never Ending ( Complete) Where stories live. Discover now