s3

3.9K 313 30
                                    

4

Unicode
.
ညကြီးအချိန်မတော် ကျောင်းတော်ကြီးရှေ့ မသင်္ကာသူတွေရောက်ရှိနေသည့်
ကိစ္စနဲ့ပတ်သက်ပြီး ကျောင်း၏ထိပ်ပိုင်းကတာဝန်ရှိသူတွေ အချိန်အတော်ကြာသည်အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ကျောင်းက အစိုးရကိုယ်တိုင်ဝမ်းသာအားရထောက်ခံအားပေးထားတဲ့ကျောင်းမို့ ကျောင်းတော်မှအကူအညီတောင်းလိုက်သည်နှင့်အစိုးရဘက်မှ စစ်ကူတွေများစွာပေးပို့လာမှာဖြစ်သည်။

သို့သော် ကိစ္စကကြီးကြီးမားမားမဟုတ်သေးတော့ ကျောင်းတော်ကထိပ်ပိုင်းတာဝန်ရှိသူတွေကြားမှာသာ ကိစ္စကိုအသံတိတ်စေလိုက်သည်။ Lord သိမ်းယူလိုက်တဲ့သက်သေများအရ မနေ့ညက လူသုံးယောက်သာ မှောင်ခိုလုပ်ငန်းကြီးလုပ်ကိုင်နေသည့်အဖွဲ့အစည်းမှအဖွဲ့ဝင်တွင်ဖြစ်သည်။ အဖွဲ့အစည်း၏တည်နေရာနှင့်အချက်အလက်ကိုတိတိကျကျမရသေးတာကြောင့် ကိစ္စကရှေ့ဆက်ဖို့ခက်နေရခြင်းဖြစ်သည်။

သူတို့ဆီကရသည့် ဒရုန်းကို ဟက်ခ် ကြည့်တော့ ဒရုန်းကကျောင်းကိုခိုးဝင်ထားတာလွဲ ဘာမှတ်တမ်းမှမရှိသေးသည့် အသစ်ကလေးမို့ ဘာအထောက်အကူမှမရလိုက်ချေ။ မနေ့ညက ကျောင်းရှေ့လာသွားတဲ့ကားနှင့်လူသုံးယောက်ကတော့ ပြာမှုန့်တွေဖြစ်သွားခဲ့တာ မနက်နှစ်နာရီကတည်းကဖြစ်သည်။ ကားကအရှိန်နဲ့ သွားရာကနေ
ရပ်ထားသည့်ကုန်တင်ကားနှင့်တိုက်ပြီး
ပေါက်ကွဲသွားခြင်းဖြစ်ပေသည်။ တစ်ဖက်ကားက မည်သူမှမရှိတော့ ကားသာပျက်စီးသွားသည်။

အပြန်အလှန်တိုင်ပင်ကြရင်းဆွေးနွေးမှုပြီးသည့်နောက် ကျောင်းသားတွေအားလုံးအတွက် စည်းကမ်းချက်အသစ်တစ်ခုကို
တစ်ကျောင်းလုံးကြားအောင် Speak မှ
တဆင့် သုံးခေါက်တိတိကြေညာပေးလိုက်သည်။

ထိုစည်းကမ်းချက်ကား -

ကျောင်းသားအားလုံးကိုအပြင်ထွက်ခွင့်အပြီးတိုင်ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး
အကယ်၍ မဖြစ်မနေသွားရမည်ဆိုလျှင်
ဆရာနှစ်ယောက်ပါမှသွားရမည်ဖြစ်သည်။ ဆရာသည်လည်း တိုက်ရေးခိုက်ရေးတော်သည့်ဆရာဖြစ်နေမှရလိမ့်မည်။

"မနက်ဖြန် မင်းအချစ်တော်ကိုကိုလာလိမ့်မယ် Lord''

အစည်းအဝေးပြီးသည်နှင့် နောင် သူ့နံဘေးက Lordကိုပြောလိုက်ခြင်းဖြစ်သည်။ Lord ဆီမှ ပေစောင်းစောင်းအကြည့်တစ်ခုပြန်ရသည့်အခါ နောင်
ဟက်ခနဲရယ်လိုက်လေသည်။
Lord ၏အကြည့်က 'ပျော်နေတယ်မဟုတ်လား'ဆိုသည့်အဓိပ္ပါယ်ပါသောကြောင့်ပင်ဖြစ်သည်။

Never Ending ( Complete) Where stories live. Discover now