Part3

10.2K 789 59
                                    

Part 3

Unicode & Zawgyi
.
.
အလင်းရောင်ဖျော့ဖျော့ရှိစလာသည့်မနက်ခင်းအချိန်လေးတွင် ကြက်တွန်သံ
တွေရော ညံနေလို့ပင်။

ကေလးငိုသံ ကျွဲနွားအော်သံ ကြက်တွန်သံ တွေနဲ့ပြည့်နှက်နေတဲ့ရွာကလေး၌အကုန်လုံးကပျော်မြူးနေပါသော်လည်း ဇွဲဇွဲ  တစ်ယောက်သာ မပြုံးနိုင်မရယ်နိုင်ဖြစ်ရလေသည်။

ဘောစေးနောင် လက်ကလွတ်မြောက်ဖို့
ညကအကန်းတစ်ယောက်လိုထင်ရာလျှောက်ပြေးလိုက်ကာမှ ရွာတစ်ရွာကိုတွေ့လိုက်တော့ ဇွဲဇွဲ  အကူညီတောင်းလိုက်သည်။

တစ်ချို့ကဗမာစကားနားမလည်တော
ဇွဲဇွဲ မှာခြေတွေလက်တွေနဲ့ပါ ပြ၍အကူညီတောင်းရသည်။

နောက်ဆုံးသဘောပေါက်သွားသည်ရွာသားတစ်ယောက်က ဇွဲဇွဲ  ကို ရွာသူကြီးအိမ်လိုက်ပို့လေသည်။

အကြောင်းစုံရှင်းပြလိုက်သောအခါ ရွာသူကြီးက သူ့အိမ်တွင် နားနားနေနေ
နေဖို့ပြောလာသည်။

သက်ဆိုင်ရာတွေကိုလည်းအကြောင်းကြားပေးမည်ဆိုသောကြောင့်
Daddy တို့နဲ့ပြန်တွေ့ရတော့မည်ဆိုသည့်အတွေးနဲ့ ဇွဲဇွဲ  ပျော်နေမိသည်။

"သက်ဆိုင်ရာတွေရောက်လာပြီငါ့တူ''

"ဟုတ်ကဲ့ ဦးကြီး''

ဇွဲဇွဲ  အိမ်ထဲ လက်ဖက်ရည်သောက်နေခိုက်
အိမ်အောက်က သူကြီးရဲ့အသံကြောင့်
ချက်ချင်းဆင်းလာလိုက်မိသည်။

အောက်ရောက်တော့ ဇွဲဇွဲ  အသက်ပင်ရပ်မတတ် မျက်လုံးပြူးသွား၏။

အနက်ရောင် ပါကျဲရိုးကားသုံးစီးလုံးမှာ
အနက်ရောင် Uniform နဲ့ သေနတ်ကိုင်ထားသူတွေကအပြည့်။

ရွာသူကြီးကလည်းသူတို့ကိုတံခါးအဆင်သင့်ဖွင့်ပေးလာတော့ ဇွဲဇွဲ  အနောက်သို့ခြေလှမ်းပြန်ဆုတ်ပြီး လိုအပ်ရင်ပြေးဖို့အဆင်သင့်အနေထားပြင်ထားသည်။

ရှေ့ဆုံးကားပေါ်ကဆင်းလာသူသည်
ဘောစေးနောင် ဖြစ်ပြီး ဇွဲဇွဲ အား သတ်မတတ်ကြည့်လေသည်။

ရွာသူကြီးနဲ့သူ့လူတွေအကုန်လုံးကိုဖြတ်ကျော်ပြီး ဇွဲဇွဲဆီကိုသာ တန်းနေအောင်လျှောက်လာသည်။

Never Ending ( Complete) Where stories live. Discover now