Part 38

6.1K 449 5
                                    

Part38
.
"ရွာကိုတစ်ခေါက်တစ်ခါမှပြန်ခွင့်ရတာ
အဝပျော်ခဲ့ စိတ်ကြိုက်ပျော်ခဲ့ ဒီကအလုပ်တွေကို ဦးတို့ကြည့်ရှင်းလိုက်မယ် ''

အထုပ်တွေကိုချရင်း ဧည့်ခန်းတွင်သားကိုထိုင်စောင့်နေသော နောင် အရှေ့ဝင်ထိုင်ရင်းသူရိန်ပြောဖြစ်သည်။ သူ့မှာဆွေမျိုးသားချင်းတစ်ယောက်တလေမှမရှိသည့်နေရာစိမ်းမှာ တစ်ယောက်တည်း။
ရံဖန်ရံခါ နောင်တစ်ယောက်တည်းဆိတ်နေတာတွေ့လိုက်မိရင် သူရိန် တကယ်စိတ်မကောင်းခဲ့။ သူ့အိမ် သူ့ရွာ သူ့အဖေကိုလွမ်းရှာမှာပဲ။ ဘယ်လောက်ပင်ယောက်ျားအရင့်အမာကြီးဖြစ်နေပါစေ ခံစားတတ်တဲ့အသည်းနှလုံးကပါလာပြီးသား။

သားကိုချစ်တော့သားရှေ့အမြဲပြုံးနေတတ်ပေမယ့် ဒဏ်ရာတွေမကျက်သေးသောမျက်ဝန်းကို သူရိန် အထင်းသားမြင်နိုင်သည်။ ​တောတောင်အရပ်မှာပျော်မွေ့နေတဲ့ငှက်ကလေးက လှော်အိမ်ထဲပျော်
မနေတာဒါသဘာဝပဲ။ ရွှေငွေဘယ်လောက်ပဲခြံရံခြံရံ သူ့အတွက် တောမှာကိုယ်တိုင်ရှာဖွေစားသောက်ရတာလောက်ပျော်ရွှင်စရာမကောင်းမှန်း ထပ်ထူကိုယ်ချင်းစာနိုင်ပါရဲ့။

"ပါးဖုန်းဆက်လာတယ် ခွင့်ရက်ဆယ်ရက်ရတယ်တဲ့ ဆယ်ရက်ပြည့်ရင်တော့အကြာကြီးခွဲရဦးမှာပဲ ကျွန်တော်ချစ်တဲ့ဒေသကိုပေါ့''

" ဘယ်တတ်နိုင်မှာလဲ ဘဝမှာတစ်ခုကိုလိုချင်ရင်တစ်ခုကို​ပေးဆပ်ရတာချည်းပဲ''

ဇွဲသက်တန့် နဲ့ မွေးရပ်မြေနှစ်ခုထဲကတစ်ခုကိုရွေးချယ်ရသလိုမျိုးပေါ့။ နှစ်ခုလုံးကိုရွေးချယ်ပေမယ့် နောင် ချစ်တဲ့ဒေသက
လူတွေကအမြင်မကျယ်ကြသေး။
ဇွဲသက်တန့် ကိုရွေးချယ်ခဲ့တဲ့အပေါ် နောင်ကျေနပ်သည်။စစ်မှန်သောပျော်ရွှင်မှုကိုခံစားရသည်။ သူနဲ့ဝေးပြီးသူမုန်းတာခံမယ့်အစား သူနဲ့နီးပြီးတခြားသူတွေမုန်းတာပဲခံလိုက်မည်။ သူကသာ ကိုယ့်ရဲ့အရာရာမို့။

"သွားမယ်လေ နောင် ''

အပေါ်မှလောလောနဲ့ပြေးဆင်းလာတဲ့
သားကို သူရိန် တစ်ချက်ကြည့်ပြီး
ပြုံးပြလိုက်သည်။ နောက် စိတ်ချမည့်အကြောင်း နောင်ကိုခေါင်းညိတ်ပြီး သားအနားရပ်ကာ ခေါင်းလေးကိုတစ်ချက်ဖွာလိုက်သည်။

Never Ending ( Complete) Where stories live. Discover now