s3(5)

3.2K 235 17
                                    

5

Unicode

(ကဲ ဘာကြောင့်အကြာကြီးပျောက်နေရသလဲဆိုတော့ အခြေနေတွေကသိတဲ့အတိုင်း
မကောင်းပါဘူး ကိုယ်တွေဆီမှာဖုန်းလိုင်းပျက်နေတော့ပိုဆိုးပါတယ် အခု ရေးပြီးထားသမျှ တင်ပေးလိုက်မယ်နော် ဆက်ပြီးအားပေးပါဦးလို့)
.
.
.

အန္တရာယ်ကိုရှောင်နေပါသော်ငြား မိမိနဖူးတည့်တည့်ပစ်ဝင်လာသည့်အဖြစ်။

Lord သက်ပြင်းပင်မချနိုင်တော့ဘဲ ဆံသားတွေကိုစိတ်ရှုပ်စွာထိုးဖွနေလိုက်တော့သည်။

ကျောင်းအုပ်ကတာဝန်ပေးထားသည့်အတိုင်း အဆောင်Aက သူနဲ့ Chally မြို့ထဲဆင်းရမည်။ ကလေးတွေလိုအပ်သမျှကိုရော ကျောင်းကလိုအပ်သမျှအတွက်ပါ
ဝယ်ဖို့အတွက်ဖြစ်သည်။

ပုံမှန်ဆို Lordအတွက်မခက်ခဲသော်ငြား
ယခုက ဇွဲသက်တန့် ကို သူအတတ်နိုင်ဆုံးရှောင်နေချိန်ဖြစ်သည်။သို့ရာတွင်
ဇွဲသက်တန့် ပါးစပ်နှင့်သူမိဖို့အကြောင်းကဖန်လာချေပြီ။

တာဝန်ဖြစ်နေတော့ ငြင်းဖို့ရာခက်သည်။
သို့အပြင် Chally ကိုအားနာမိသေးတော့
Lordမျက်နှာကိုအတတ်နိုင်ဆုံးထိန်းထားနေလိုက်၏။

"သွားတော့မလား''

"အင်း''

ကားကMizu brand အမျိုးအစား ကုန်တင်ယာဥ်အဖြူလေးဖြစ်ပြီးအနောက်ခုံတန်းတွင်လူသုံးယောက်ဆန့်ချေသည်။Chally က အရှေ့ဒရိုင်ဘာနေရာတွင်နေရာယူနေပြီမို့ Lord Chally နံဘေးဝင်ထိုင်လိုက်တော့သည်။

ကားကထွက်ဖို့စက်နှိုးလိုက်ရုံရှိသေး
ကားရှေ့ပိတ်ရပ်လာသူကြောင့် Chally ကအလိုက်တသိ စက်ပြန်သတ်သွား၏။
Lordကမူ မျက်ခုံးတန်းနှစ်ဖက်ကိုတွန့်ချိုးထားပြီး မျက်လုံးကလည်းသိသိသာသာ
ကျဥ်းမြောင်းလာသည်။

"ဇွဲသက်တန့်!''

ဇွဲသက်တန့်မနိုးလောက်သေးဘူးထင်၍
အစောကြီးသွားမယ်လုပ်ကာမှ မရှောင်လွဲနိုင်ဖြစ်နေပြန်သည်။ Lord သက်ပြင်း
ဟူးခနဲချလိုက်မိတော့သည်။

ဇွဲသက်တန့်မျက်နှာကပြောင်စပ်စပ်နဲ့ရယ်
သို့အပြင် ခါးထောက်ပြီးကားဆီလျှောက်လာပုံကား အပျိုလေးတွေကိုယုတ်မာတော့မည့် ဓားပြဗိုလ်ကြီးလို။

Never Ending ( Complete) Where stories live. Discover now