Part21

7.5K 540 27
                                    

Part 21
.
.
နောက်တစ်နေ့မနက် မနက်စာစားပြီးသည်နှင့် ဇွဲသက်တန့်သည် ဘောစေးနောင်၏
အလစ်ကိုစောင့်ပြီး ချောင်း၏တစ်ဖက်ကမ်းကိုကူးလေသည်။

အလင်းရောင်သိပ်မတိုးသေးတဲ့အချိန်မို့
ဇွဲသက်တန့်ချောင်း၏တစ်ဖက်ကူးသွားခြင်းကိုတပ်သားနှစ်ယောက်သာမြင်သည်။

ဘောစေးနောင်၏ပါးကပြန်သွားပြီမို့
ပြောက်ကျား Uniform တပ်သားတွေလည်း တပ်ပြန်ရုတ်သွားပေပြီ။

အနက်ရောင် Uniform နဲ့တပ်သားတွေသာကျန်ပြီး ဘောစေးနောင်စခန်းအတွက်
အယောက် သုံးဆယ်ထပ်တိုးပေးထား၏။

ဒါ့ကြောင့် စခန်းတွင် တပ်သားအားလုံး
ခြောက်ဆယ်ရှိ၍ အရင်ကထက်လုံခြုံရေးပိုတင်းကျပ်သွားသည်။

သို့သော် ဇွဲသက်တန့်က နောင်၏ခွင့်ပြုချက်နဲ့စခန်းတွင် လုပ်ချင်ရာလုပ်ပိုင်ခွင့်ရထားသော တစ်ဦးတည်းသောလူဖြစ်ပေသည်။

ဇွဲသက်တန့် သည်သစ်ပင်ကြီးတွေသစ်ကိုင်းတွေမှတဆင့် တစ်ဖက်ကမ်းဆီကိုရောက်သည့်အခါ ဘောစေးနောင် ပြောဖူးတဲ့ အင်ကြင်းပင်အနားသွားကာရပ်လေ၏။

ပင်စည်နဲ့နဖူးအားထိတိုက်စေပြီးမျက်စိကိုမှိတ်ခြင်းမဟုတ်ဘဲ မျက်လွှာချရုံလေးသာနေ၍ အာရုံကိုစုစည်းထားလေသည်။

အင်ကြင်းပင်အောက်ကထူထပ်သောမြက်ပင်များတွင် အပွင့်ပွင့်သောမြက်ပင်လေးတစ်ပင်ကို မြင်လိုက်ရသည့်ခါ
ဇွဲသက်တန့် ချက်ချင်း ဒူးတစ်ဖက်ထောက်ကာထိုင်သည်။

အပွင့်ပွင့်တဲ့မြက်ပင်သည်အတုသာဖြစ်ပြီး
အပွင့်ကလည်း အတုဖြစ်လေသည်။

သို့ပေမဲ့ အစစ်နဲ့အလွန်တူတာကြောင့်
ပါးနပ်သူမှသာ သတိထားနိုင်သည်။

ဇွဲသက်တန့် က ခဏတာမျက်မှောင်ကြုတ်
၍စဥ်းစားခန်းဖွင့်ပြီးမှ မြက်ပင်အတုကိုဆွဲနုတ်လေသည်။

နုတ်၍မရသောအခါ ဆွဲလှည့်လိုက်လေ၏။

တစ်ပတ်လှည့်လို့အပြီးမှာတော့ အင်ကြင်းပင်နှင့်ငါးပေခန့်အကွာရှိသော
နေရာသည် ချက်ချင်း ဝုန်းခနဲဆိုပြီး ပြိုကျသွားသည်။

Never Ending ( Complete) Where stories live. Discover now