Part35

6.3K 463 24
                                    

Part 35
.
တစ်နေကုန်အလုပ်လုပ်နေရတော့
ဇွဲသက်တန့် အကြောဆန့်ရင်း သမ်းလိုက်မိသည်။ လူမှန်းစသိတဲ့အရွယ်ကတည်းက
စာနဲ့မျက်နှာခွာရသည်မရှိ။ ဘွဲ့ရရင်အားလုံးပြီးသွားပြီလားထင်ခဲ့ပေမယ့်
တကယ်တမ်း အလုပ်တွေနဲ့ခေါင်းတောင်
မဖော်နိုင်။ သေရင်ကိုယ့်နောက်ပါမှာမဟုတ်တာကို ပါပါးကဘာလို့ဒီလောက်
အလုပ်ကြိုးစားခဲ့ရတာလဲ။

နာရီကိုကြည့်တော့ညနေအလုပ်ဆင်းချိန်ရောက်ပြီဖြစ်သည်။ တစ်နေ့တစ်နေ့အလုပ်လာလိုက်အိမ်ပြန်လိုက်နဲ့ဘဝကြီးကလွယ်ကူမနေချေ။ နောင်စခန်းမှာနေရတုန်းကဆို လွတ်လွတ်လပ်လပ်ရှိသေးသည်။
ဒီနေ့ ပါပါးအလုပ်မလာတော့ ပါပါးနေရာကို သူဝင်နေရ၏။ နောင်က အလုပ်သင်ပဲရှိသေးတော့ အရေးကြီးတဲ့အပိုင်းတွေကိုပေးမလုပ်သေး။ Daddy က အမှားအယွင်းမရှိရ​အောင် နောင်ကိုတဆင့်ချင်းသာသွားစေချင်သည်။

အိမ်ပြန်ရမှာပျင်းတော့ ဇွဲသ​က်တန့်ဖိုင်တွေမသိမ်းဘဲ စားပွဲခုံပေါ် ပျင်းရိပျင်းတိမှောက်နေလိုက်၏။ မန်နေဂျာမမကိုတော့
အလုပ်ဆင်းတာနဲ့ သူပြန်ခွင့်ပေးလိုက်၏။
ကလေးတစ်ဖက်နဲ့မိခင်မို့ အလုပ်ဆင်းတာနဲ့ ကလေးကိုတွေ့ချင်ရှာမှာပဲ။ ကလေးကလည်းသူ့အမေအိမ်အပြန်လမ်းကိုမျှော်နေမှာပဲမို့ ဇွဲသက်တန့် ပြန်ခွင့်ပေးလိုက်ခြင်းဖြစ်၏။

"ဇွဲ''

ဝန်ထမ်းတွေပြန်ကုန်ပြီးကို ထွက်မလာသေးတဲ့ ဇွဲသက်တန့်ကြောင့် နောင် ဝင်လာရခြင်းဖြစ်သည်။ ဘယ်လောက်တောင်ပျင်းနေလိုက်သလဲဆို စားပွဲပေါ်မှောက်ပြီး
ဘောပင်လှည့်နေ၏။ ဖိုင်တွေဘာတွေလည်းဘာတစ်ခုမှမသိမ်းပြန်တော့ နောင်ကပဲအနားသွားပြီးအားလုံးသိမ်းပေးလိုက်ရသည်။

"ပြန်မယ်လေ ဇွဲ''

"ပျင်းတယ် မပြန်ဘူး''

"ဒါဆိုဘာလုပ်ချင်လဲ''

မှောက်နေသူကျောပြင်ကိုပုတ်ရင်းမေးလိုက်တော့ ဇွဲသက်တန့် ကငြိမ်သက်ပြီးတစ်ခုခုကိုစဥ်းစားနေ၏။နောက်မှ ခေါင်းကိုဆတ်ခနဲထောင်လာပြီး နောင်ကိုမော့ကြည့်လာသည်။

"ငါတို့ကလပ်သွားရအောင် ''

ဇွဲသက်တန့် စကားကိုနောင်ဟက်ခနဲသာရယ်လိုက်သည်။ သူ့ပါပါးသိရင် မလွယ်မှန်း သူသိသားနဲ့ကို တမင်သက်သက် မီးမွှေးချင်နေတာ။

Never Ending ( Complete) Where stories live. Discover now