Final

9.9K 514 20
                                    

Final
.
နောင် သူ့ပါးအိမ်ကိုပြန်ရောက်ပြီး
တတိယမြောက်နေ့တွင် ဇွဲသက်တန့် နဲ့အတူ ဆင်စီးပြီးသစ်တောဘက်ကို ထွက်လာလိုက်သည်။ ဒီနေ့လည်း သူတို့ Couple ဝတ်ဖြစ်ပြန်သည်။ သို့သော်အိမ်ကထည့်လာတဲ့ Couple အင်္ကျီတွေမဟုတ်ဘဲ
နောင်ရဲ့လူမျိုး တိုင်းရင်းသားအင်္ကျီအနီကိုဆင်တူဝတ်ထားခြင်းဖြစ်သည်။

လင်းကစ်လည်းပါပြီး သူက ဦးလေးနဲ့အတူ စီးသည်။ ဆင်ကအကြီးတွေမို့တစ်ကောင်ကို သုံးလေးယောက်ရပေမယ့် လင်းကစ်က သူတို့နှစ်ယောက်နဲ့အတူတူ
မစီးချင်ဘူးဆိုပြီး ရစ်နေတော့ ဦးလေးကိုအဖော်ခေါ်လိုက်ရ၏။ ဦးလေးကလည်း
လင်းကစ်ကိုတူအရင်းလိုချစ်ပြီးဂရုစိုက်သည်။

လင်းကစ်ကအပြာရောင်တိုင်းရင်းသားအင်္ကျီကိုဝတ်ထားပြီး အနက်ရောင်နေကာမျက်မှန်တပ်ထားသည်။ ခေါင်းပေါင်းဇာပါသည့် ရှင်ပြုရင်ရှင်လောင်းတွေသုံးသောဦးထုပ်ကိုဆောင်းထားတော့ ရုပ်ကလေးကချစ်ဖို့ကောင်းသလို ရီချင်စရာလည်းကောင်းပြန်၏။
ဒါ့အပြင်ဆင်ကျောပေါ်ထိုင်နေတာကလည်း အချိုးမကျ။ ခြေထောက်နှစ်ဖက်ကိုကားကားကြီးထားထားလေ၏။ ခြေထောက်ကအတော်ရှည်တော့ ရီချင်စရာကောင်းပြန်သည်။

"ဟားဟား အဲ့လင်းကစ် ငါအူနာနေပြီနောင်''

ဆင်ပေါ်မတက်ခင်ကတည်းကဇွဲသက်တန့်
လင်းကစ်ကိုကြည့်ပြီးရီနေခြင်းဖြစ်သည်။
သနပ်ခါးလိမ်းထားတာကလည်း ခလုတ်တိုက်ပြီးကျောက်ပျဥ်ပေါ်လှဲကျသွားသလိုမျိုး ၊ မျက်နှာကြီးက တရုတ်ခုန်ဆွခုန်ဆွသရဲတွေလို မျက်နှာတစ်ခုပဲကွက်ဖြူသည်။ ဗိုလ်လင်းညီသုံးယောက် က
လင်းကစ်ကို လိမ်းပေးထားခြင်းဖြစ်သည်။
ဘယ်သူ့ကိုမှသည်းမခံတဲ့လင်းကစ်က ဗိုလ်လင်းညီတွေကိုတော့ သည်းခံသား။

နှုတ်ခမ်းနီပါထပ်ဆိုးလိုက်ရင်ဖြင့်ဘယ်လိုများနေနေမလဲ လင်းကစ်ကို ကြည့်ရင်း
ဇွဲသက်တန့် က ရီပြီးရင်းရီသည်။
လင်းကစ် ကသိတော့မျက်နှာကြီးပုပ်ထား၏။

"ပြုတ်ကျမယ် ဇွဲ''

အတော်အရယ်သန်တာပဲ။ဆင်ပေါ်ရောက်နေတာတောင်သလိလက်လွတ်ရယ်နေတော့ နောင် ဇွဲသက်တန့် ခါးကိုဖက်ပြီးသူ့ရင်ဘတ်ကိုမှီချစေလိုက်၏။ ခဏအကြာ
အရီရပ်သွားသောဇွဲသက်တန့် က နောင်မေးစေ့ကိုတစ်ချက်မထိတထိနမ်းလာသည်။ တမင်သက်သက်စနေတာကြောင့်
နောင်မျက်လုံးမှေးမှိတ်သည်အထိမျက်မှောင်ကြုတ်ပြီးနောက်

Never Ending ( Complete) Where stories live. Discover now