Part4

10.1K 796 74
                                    

Part 4

Unicode & Zawgyi
.
.
.
ဘောစေးနောင် အမဲလိုက်ပြီးစခန်းသို့ပြန်ရောက်ချိန်သည် ညနေစောင်းလုနီးနီးဖြစ်သည်။

အားလုံးပြန်ရောက်သည်နှင့်ချက်ဖို့ပြုတ်ဖို့အလှည့်ကျသောတပ်သားတွေကချက်ချင်းပြေးလာ၍ ပါလာသောသားကောင်တွေကို ချက်ပြုတ်ဆောင်သို့
ယူဆောင်ကာသွားလေသည်။

တောကြက် တောဝက် သမင် ဒရယ်စသောသားကောင်တွေကပေါတော့ တစ်ခါ အမဲလိုက်ရင် တစ်လအထိစားလို့မကုန်အောင် အသား​ခြောက်တို့လှန်းကာသိမ်းထားသည်။

အရပ်လေးမျက်နှာလုံးကိုသိသာမနေအောင် လိုက်လံ၍အကဲစမ်းကြည့်ပြီးသည့်နောက် ဘောစေးနောင် ၏မျက်လုံးအစုံတို့သည် ချက်ချင်းဆိုသလိုခက်ထန်သွားကာ ဒေါသရိပ်တို့လွှမ်းလို့လာသည်။

စခန်းအနီးတွင် မသင်္ကာစရာလူတစ်ယောက်တွေ့လိုက်သည်နှင့် ဘယ်ကမှန်းတပ်အပ်သိသည်။

ဘောစေးနောင် နေထိုင်ရာဒေသတစ်ဝိုက်တွင် အခြားအဖွဲ့စည်းတစ်ခုလည်းရှိနေသည်။

ဒါ့ကြောင့်ပင် စခန်းအနား သိမ်းငှက်ပျံလာတာတွေ့ရှိပါက ဒါဟာ ထိုအဖွဲ့ရဲ့လက်ချက်သာဖြစ်သည်။

"ဗိုလ်လင်း ဟိုဘက်ကလူတွေကိုရွှေတုံးနှစ်တုံးသုံးတုံးလောက်ဆုချပေးလိုက်''

ဘောစေးနောင် သည်စခန်းထဲဝင်ဝင်ချင်း ဗိုလ်လင်း ကိုအမိန့်ပေးလိုက်လေသည်။

ဗိုလ်လင်း သည်လည်းပြောသည့်အတိုင်းချက်ချင်းဆိုသလို တာဝန်ကိုပြီးမြောက်အောင်ထမ်းဆောင်သည်။

ရေချိုးသန့်စင်ဖို့အချိန်ကနီးလာသော်လည်း ဘောစေးနောင် ချက်ပြုတ်ဆောင်ဘက် ခဏအရင်ဝင်ဝင်လိုက်လေသည်။

သားစိမ်းငါးစိမ်းတွေကြောင့်ချက်ပြုတ်ဆောင်တစ်ခုလုံးဟာ သွေးနံ့တို့ ညှီနေလေသည်။

ဘောစေးနောင်သည်ချက်ပြုတ်ဖို့
တာဝန်ကျတပ်သားတွေအားဘယ်လိုဘယ်ပုံချက်ဖို့မှာကြားပြီးသောအခါ
တာပေါကိုလိုက်လံရှာဖွေနေတော့သည်။

ဘောစေးနောင် အတွက် တာပေါကသာ
အားအကိုးရဆုံးတပည့်လေးမို့ တစ်ခုခုဆို တာပေါကိုပဲအရင်သတိရတတ်သည်။

Never Ending ( Complete) Where stories live. Discover now