part1

16.7K 926 21
                                    

Part 1

Unicode
Zawgyi
.
.
တသွင်သွင်စီးဆင်းနေသောချောင်း၏ရေစီးသံနဲ့အတူ ကျေးငှက်ကလေးသံတွေနဲ့ဆူညံလျက်ရှိသည်။

မျက်နှာမူရာအရပ်တိုင်း၌သဘာဝရှူခင်းတွေကရှိနေပြီး တိုက်ခတ်နေသည့်လေထုကလည်း အဆိပ်နံ့တို့ကင်းစင်ကာ ရှူမိသူတို့အဖို့ စိတ်သက်သာရာရစေသည်။

အရှေ့ဘက်ကကြည့်သော်မြက်ခင်းပြင်ကြီးတစ်ခုရှိ၍လူသွားလမ်းလည်းဖြစ်တာကြောင့်အမြင်ရှင်းသည်။

အနောက်ဘက်ကကြည့်သော် ငှက်ပျောပင်ပေါင်းများစွာရှိနေသည့်
ငှက်ပျောတောတစ်ခုရှိလေသည်။

မြောက်ဘက်ကကြည့်သော် သီးနှံစိုက်ခင်းတစ်ခုရှိပြီး တောင်ဘက်မှာတော့
သစ်ပင်ကြီးတွေရှိကာ ထိုသစ်ပင်ကြီးတွေကိုကျော်ဖြတ်လိုက်ရင်တော့ ချောင်းကြီးတစ်ခုရှိသည်။

ထိုသို့သောအရပ်လေးမျက်နှာကြားတွင်
တပ်သားအယောက်သုံးဆယ်နီးပါးရှိနေ
သည့်စခန်းကြီးတစ်ခုရှိသည်။

ချောင်းရဲ့ဟိုဘက်ကမ်းတွင်လူသူအရောက်နည်းပါးပြီး တောရိုင်းတိရိစ္ဆာန်ပေါင်းများစွာရှိနေသည့် တောနက်ကြီးတစ်ခုရှိ၏။

ချောင်းဘေးကလက်ပံပင်အောက်၌တစ်စုံတစ်ဦးကရပ်နေပါသည်။

သူသည်စရပ်တည်းကအခုချိန်ထိတိုင်ဘာအသံမှမထွက်သော်ငှားလည်း သူရှိနေသည့်အကြောင်းကိုတော့ သူ့စခန်းကလူတွေအကုန်သိသည်။

အဘယ်ကြောင့်ဆိုသော် နှစ်ပေနီးပါးခန့်ရှိနေသည့် သူ၏စကားပြောစက်တိုင်သည်
နေရောင်၏ထိုးကျမှုကြောင့် မျက်စိကျိန်းလောက်အောင်လင်းနေခြင်းဖြစ်သည်။

စက်ကိုင်ထားသောလက်သည်သွေးကြောတို့ စိမ်းညို့ကာထင်းလျက်သားရှိ၍ အားကိုးချင်စဖွယ်ဖြစ်သည်။

တစ်ခုခုကိုအလိုမကျသည့်အခါ မျက်ခုံးကတွန့်ချိုးတတ်သည်။

မျက်လုံးဟာကျားမျက်လုံးကဲ့သို့စူးရှပြီး
တစ်စုံတစ်ခုအား အာရုံစိုက်နေပြီိဆိုပါက
ကြောက်လန့်ချင်စရာကောင်းသည်။

သေနတ်ကိုင်သောလူဟူသည်အကြောက်တရားတို့အကုန်ကင်းမဲ့ကာ နွေးထွေးသည့်နှလုံးသားဟာလည်းအေးစက်၍ ရက်စက်ကြမ်းကြုတ်တတ်လာသည်။

Never Ending ( Complete) Where stories live. Discover now